ကားတစ်စီးဟာ အရှိန်နဲ့မောင်းနှင်လာခဲ့ပြီး ကမ်းခြေမှာရှိတဲ့ လူအုပ်ကြီးထဲကို ၀င်တိုက်ခဲ့တာကြောင့် စိတ်မကောင်းစရာ ဖြစ်ပျက်ခဲ့ရပါတယ်။ဒီကားရဲ့ အရှိန်နဲ့မောင်းနှင်လာမှုကြောင့် လူပေါင်းများစွာကို၀င်ရောက်တိုက်ခဲ့ပြီး လူ(၁၅) ဦးဒဏ်ရာရရှိခဲ့ကာ လသားအရွှယ်ကလေးငယ်တစ်ဦးပါ သေဆုံးခဲ့ပါတယ်။

နာမည်ကျော်ကမ်းခြေတစ်ခုဖြစ်တဲ့ ဘာရာဇီးရဲ့ ကိုပါကာဘာနာ ကမ်းခြေမှာ အခုလိုဆိုးရွှာစွာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားပြီးမကြာမှီမှာပဲ ရဲများချက်ချင်းရောက်ရှိလာခဲ့ပါတယ်။

ကားထဲတွင်မောင်းနှင်လာခဲ့သူမှာ ထိုသိုဖြစ်ပွားပြီးချိန်မှာ ထွက်ပြေးရန် ကြိုးစားခဲ့ပါသော်လည်း ရဲက ချက်ချင်းဖမ်းဆီးလိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒီဖြစ်ရပ်ကို အကြမ်းဖက်လို့သတ်မှတ်ပြောကြားခဲ့ခြင်းမရှိပါ။အဆိုပါ တရာခံဖြစ်သူမှာ ၀က်ရှုးပျံရောဂါခံစားနေရပြီး ယင်းဝေဒနာအတွက် သောက်သုံးရတဲ့ဆေးများကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်းသိရပါတယ်။ 

မျက်မြင်တွေ့ရှိသူတွေရဲ့ပြောပြချက်အရ ကားဟာ စက်ဘီးစီးတဲ့လမ်းကို ဖြတ်ပြီး လူသွားလမ်းအတိုင်းဆက်မောင်းရင်း လူတွေနဲ့အတူ စားပွဲတွေ ထိုင်ခုံတွေကိုပါ၀င်တိုက်ပြီးနောက် သောင်ပြင်မှာရပ်တန့်သွားခဲ့ပါတယ်လိုလည်း ပြေားကြားခဲ့ပါတယ်။

ဒဏ်ရာရရှိသူတွေကိုတော့ ဆေးရုံကို ပို့ထားပြီးဖြစ်ကာ ပြစ်မှုကျူးလွန်သူကိုတော့ စစ်ဆေးအရေးယူဖို့လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

source - mizzima news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။