ယနေ့ ဇန်နဝါရီ (၁၉)ရက်နေ့လေးကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း အဆိုတော် သရုပ်ဆောင်မင်းသား ရိန်းနဲ့ မင်းသမီးချောလေး ကင်တေဟီးတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့ရက်လေးပဲ ဖြစ်ပါတယ်..။

ဒီနေ့လေးမှာတော့ ရိန်းနဲ့ ကင်တေဟီးတို့ရဲ့ မင်္ဂလာနှစ်ပတ်လည် (၁)နှစ်ပြည့်တဲ့ အထိမ်းအမှတ်နေ့ရက်လေး ဖြစ်တယ်လို့ သိရပါတယ်..။

သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည် အမှတ်တရနေ့လေးကို ရိန်းက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

ပရိသတ်တွေရဲ့ အချစ်တော် ရိန်းနဲ့ ကင်တေဟီးတို့ကတော့ (၂၀၁၇)ခုနှစ် ဇန်နဝါရီ(၁၉)ရက်နေ့ လက်ထပ်ခဲ့ကြဖြစ်ပြီး ယနေ့လေးမှာတော့ မင်္ဂလာသက်တမ်း (၁)နှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်..။

တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီး အနုပညာရှင်ဆယ်လီ စုံတွဲဖြစ်တဲ့ ရိန်းနဲ့ ကင်တေးဟီးတို့ဟာ လက်ထက်ပြီး မကြာခင်မှာပဲ သမီးဦးလေးကို မွေးဖွားခဲ့ပါတယ်..။

လက်ထပ်ပြီး (၁၀)လအကြာ အောက်တိုဘာ(၂၅)ရက်နေ့လေးမှာတော့ သူတို့နှစ်ယောက်ရဲ့ ချစ်စရာ သမီးဦးလေးကို မွေးဖွားခဲ့တာ ဖြစ်ပါတယ်..။

ဇနီးမောင်နှံ နှစ်ယောက်လုံးဟာ နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့အတွက် သူတို့နှစ်ဦးရဲ့ မင်္ဂလာသတင်းလေးဟာ ပရိသတ်တွေကိုပါ ပျော်ရွှင်ဝမ်းသာစေခဲ့ပါတယ်..။

လတ်တလောမှာတော့ ဇနီးမောင်နှံနှစ်ယောက်လုံးဟာ သုံးလအရွယ်သမီးလေးနဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတယ်လို့ သိရပါတယ်..။

Source - Rainvietnam Rvn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။