ဇန်နဝါရီ ၁၈ ရက်နေ့မှာ နယ်သာလန်နဲ့ ဂျာမနီနိုင်ငံတို့မှာ ဖရီဒရီကာ မုန်တိုင်း တိုက်ခတ်ခဲ့တာဖြစ်ပါတယ်။ မုန်တိုင်းကြောင့် လူ ၆ ဦး သေဆုံးခဲ့တယ်လို့ လည်းသိရပါတယ်။သစ်ပင်တွေလဲတာနဲ့ အပျက်အစီးတွေ ပိတာကြောင့် ၃ ဦးသေဆုံးတယ်လို့ နယ်သာလန် ရဲတပ်ဖွဲ့ကပြောကြားခဲ့တာလည်းဖြစ်ပါတယ်။

လေဆိပ်အဆောက်အအုံ ခေါင်မိုးတွေ ပြုတ်ထွက်ခဲ့လို့ လေဆိပ်ပိတ်ခဲ့ရပြီး လေကြောင်းခရီးစဉ် ၂၆၀ ထက်မနည်း ဖျက်သိမ်းခဲ့ရတာလည်းဖြစ်ပါတယ်။ အမ်စတာဒမ်မြို့က စခေဖိုးလေဆိပ်ကိုလည်း လေတိုက်နှုန်း ၁ နာရီမိုင် ၉၀ အထိရှိခဲ့လို့ ခဏပိတ်ခဲ့ရတာလည်းဖြစ်ပါတယ်။လမ်းပေါ်က ထရပ်ကားတွေဟာလည်း လေပြင်းတိုက်ခတ်မှုကြောင့် မှောက်ကုန်တဲ့ထိဖြစ်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဂျာမနီနိုင်ငံမှာတော့ မုန်တိုင်းကြောင့် နယ်သာလန် နယ်စပ်နားက အမ်းမားရစ်မြို့မှာ အသက် ၆၀ အရွယ် အမျိုးသားတဦး သစ်ပင်ပိပြီးသေဆုံးခဲ့ရတာလည်းဖြစ်ပါတယ်။ နိုင်ငံအနောက်ပိုင်းမှာ နေထိုင်တဲ့ အမျိုးသားတဦး ကတော့ မုန်တိုင်းတိုက်ချိန်အတွင်း ဖြစ်ပွားတဲ့ မတော်တဆမှုကြောင့် သေဆုံးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် ဘတ်ဆယ်ဇွန်ငန်မြို့မှာ လဲကျနေတဲ့ သစ်ပင်တွေကြားထဲ ရောက်နေတဲ့ အမျိုးသမီးတဦးကို ကယ်ဖို့ကြိုးစားရင်း အသက် ၂၈ နှစ်အရွယ် မီးသတ်သမားတဦး သစ်ပင်ပိပြီး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

source -dvb tv news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။