ပန်းသီးရှာလကာရည်ဟာ PH levels 7 ထက်ပိုသော အယ်လကာလီ (Alkaline) သတ္တိများစွာ ပါဝင်တာမို့ ပန်းသီးရှာလကာရည်ကို မဲ့စို၊ မဲ့ခြောက်၊ ဝက်ခြံ၊ တင်းတိပ်၊ ပွေး၊ ဝဲ၊ ညှင်း၊ ဝဲနှင်းခူ၊ ဘောက်ထခြင်းများ အပြင် မျက်နှာပြင်ပေါ်က အမဲစက်များကိုပါ သက်သာပျောက်ကင်းနိုင်ပါတယ်။ ပန်းသီးရှာလကာရည်ဟာ အဖက်ဖက်က ဆေးဘက်ဝင်ပြီး ဆိုင်တွေမှာ ၀ယ်ယူရင်တော့ စျေးအနည်းငယ် ကြီးပြီး ကိုယ်တိုင်ပြုလုပ်မယ် ဆိုရင်တော့ အရမ်းကို စျေးသက်သာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးနှင့် အလှအပရေးရာများ အတွက်ပါ အသုံးဝင်တဲ့ ပန်းသီးရှာလကာရည်ကို ကိုယ်တိုင် ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ပါ၀င်သော ပစ္စည်းများ

- ပန်းသီး အကြွပ်သီး (၃) လုံး (ဓာတုဆေးဝါးများ အသုံးမပြုထားလျှင် ပိုကောင်းပါတယ်)

- သကြားအညို (သဘာဝ သကြား) ၃ ဇွန်း

- ရေ အနည်းငယ်

ပြုလုပ်ပုံ အဆင့်ဆင့်

(၁) ပန်းသီး အကြွပ်သီး မရရှိပါက ရေဖြင့် ကြာကြာ စိမ်ထားပါ။

(၂) ပန်းသီးများကို လေးစိပ် လေးမွှာ ခွဲစိပ်ပြီး ဝင်ဆ့ံမည့် ဖန်ပုလင်းထဲကို ထည့်ပါ။ အခွံခွာစရာမလိုပါ ပန်းသီးကို ဖျော်ရည်စက်ဖြင့် ကြိတ်ပြီးလည်း ပြုလုပ်နိုင်ပါတယ်။

(၃) ဖန်ပုလင်းထဲ၌ ထည့်ထားသော ပန်းသီးထဲသို့ သကြားအညို လက်ရည်ဇွန်း (၃) ဇွန်းခန့် ထည့်၍ ရေ (၈၀၀ မီလီလီတာ) ဖြင့် ရောစပ်ပါ။

(၄) ၂ ပတ်ခန့် ကြာအောင် ပိတ်စထူထူဖြင့် စည်း၍ အလင်းရောင်မရှိဘဲ မှောင်သော နေရာတွင် ထားပါ။

(၅) ၂ ပတ်ခန့်မျှ ကြာပြီးသောအခါ ထိုဖန်ပုလင်းကို ဖွင့်ပြီး အတွင်းတွင် အမြုပ်ထနေသော ပန်းသီးအရည်များကို (အဝတ်စ) ပိတ်စသန့်သန့်ဖြင့် အခြားပုလင်းထဲသို့ စစ်ယူပြောင်းထည့်ပါ။

(၆) စစ်ယူ ပြောင်းထည့်ထားသော ဖန်ပုလင်းကို ပိတ်စထူထူဖြင့် အရင်လိုပြန်စည်းပြီး ၄-၅ ပတ်ကြာအောင် မှောင်သော နေရာတွင် ပြန်ချထားပါ။

(၇) ထိုသို့ ကြာပြီးသော အခါတွင် ကိုယ်တိုင်ပြုလုပ်ထားသော သန့်ရှင်းလတ်ဆတ်တဲ့ ပန်းသီးရှာလကာရည် စစ်စစ်ကို ရရှိပြီပဲ ဖြစ်ပါတယ်။

ဖော်ပြပါ နည်းလမ်းများကို သိရှိပြီး ပန်းသီးရှာလကာရည်ကို ကိုယ်တိုင် ပြုလုပ်ကာ ကျန်းမာရေးနှင့် အလှအပ ရေးရာအတွက် အသုံးပြုပြီး လှသထက် လှနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

သတင်းအရင်းအမြစ်: ဘဝခါးခါး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။