န်နဝါရီလ ၁၉ရက်နေ့ ၀၀:၁၀ အချိန်ခန်တွင် ကားမှောက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ပွားခဲ့နေရာကတော့ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၆၇) ရပ်ကွက် ၊ရတနာလမ်း ၊ဗေလုဝကွေ့တွင်ဖြစ်ပွားခဲ့တာပါ။ အဆိုဖြစ်စဉ်ကတော့ ဒဂုံဆိပ်ကမ်းဘက်မှ သာကေတဘက်သို့ ရတနာလမ်းအတိုင်းမောင်းနှင်လာတဲ့ FUSO အမျိုးအစား (၁၈)ဘီးကွန်တိန်နာယာဉ်က အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားခဲ့တာပါ။

ထိုကားဟာတိမ်းမှောက်ပြီး အနီးရှိသစ်ပင်နှင့်တိုက်မိတာကြောင့် ကားဦခေါင်းပိုင်းညှပ်မိခဲ့တယ်လို့သိရပါတယ်။၎င်းကားမှောက်မှုကြောင့် ကားအတွင်းပါရှိသူ ၈ဦး အနက် ယာဉ်မောင်းအပါအဝင် ၃ဦးလွတ်မြောက်ခဲ့ပြီး ၅ ဦးကတော့ကားခေါင်းခန်းအတွင်းမှာ ညှပ်မိနေတယ်လို့သိရပါတယ်။ ထိုအဖြစ်အပျက်ကိုတွေ့ရှိသူတွေက သတင်းပို့သဖြင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်မီးသတ်စခန်းမှ သွားရောက်ကယ်တင်ခဲ့တယ်လို့သိရပါတယ်။

သွားရောက်ကယ်တင်ရာတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မီးသတ်စခန်းမှ ကယ်ဆယ်ရေးယာဉ်တစ်စီး ၊ တာမွေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီး ၊ လူနာတင်ယာဉ်တစ်စီး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေးယာဉ်တစ်စီး ၊ စမ်းချောင်းမီးသတ်စခန်းမှ ရှာဖွေ ကယ်ဆယ်ရေးယာဉ်တစ်စီး ၊ ရွှေသန်လျင် လူမှုကူညီရေးအသင်းမှ လူနာတင်ယဉ်တစ်စီး ၊ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်တစ်စီး ၊ ဇေယျသုခ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဉ်တစ်စီး နှင့် အုပ်ချုပ်မှုယာဉ် သုံးစီး ပါဝင်ပါတယ်။ ကားခေါင်းထဲညှပ်နေသူ ၅ ဦးအနက် ၂ ဦးသေဆုံးခဲ့တယ်လို့လဲသိရပါတယ်။ ကျန်၃ ဦးကတော့ ထိခိုက်ဒဏ်ရာအနည်းငယ်သာရရှိခဲ့တယ်လို့သိရပါတယ်။

source - skynet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။