ခေါင်းတစ်ခြမ်းကိုက်ခြင်းက ဆယ်ကျော်သက်အရွယ်က စပြီး အသက်သုံးဆယ်အရွယ်မှာ ခေါင်းကိုက်တာအဆိုးဆုံးဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေမှာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို အမျိုးသားတွေထက် ဖြစ်နိုင်ချေ ၃ ဆပိုများပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ကြုံတွေ့ရတဲ့အခါ အနည်းဆုံး ၄ နာရီမှ ၃ ရက်အထိ ခံစားရနိုင်ပါတယ်။ ဒ့ါကြောင့် မခံမရပ်နိုင်အောင် ခံစားနေရတဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို သက်သာစေဖို့ အိမ်တွင်းကုထုံးနည်းများနှင့် ကာကွယ်ရန် နည်းလမ်းများပဲ ဖြစ်ပါတယ်။  

အိမ်တွင်းကုထုံးများ

- အကြောလျှော့လေ့ကျင့်ခန်းများ၊ ယောဂကျင့်စဉ်များ၊ တရားထိုင်ခြင်း များ ပြုလုပ်ပါ။

- အိပ်ချိန်ကို လုံလောက်စွာ အိပ်စက်ပါ။ အအိပ်မလွန်ပါစေဘဲ အချိန်မှန်အိပ် အချိန်မှန်ထပါ။

- အနားယူပါ။ အထူးသဖြင့် မှောင်ပြီး တိတ်ဆိတ်သောအခန်းတွင် အနားယူပါ။

- ဇက်ကြောကို ရေခဲဝတ် ၂ မိနစ်လောက် တင်ပေးပါ။

- ဦးရေပြားကို ညင်သာစွာနှိပ်နယ်ပေးပါ။

- ခေါင်းကိုက်ပိုဆိုးစေတဲ့အရာတွေကို ရှောင်ကြဉ်ပြီး သက်သာစေတဲ့အရာတွေကို သေချာမှတ်သား လိုက်နာပါ။

တစ်ဆက်တည်းမှာပဲ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ကာကွယ်ရန်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

- ခေါင်းကိုက်ပိုဆိုးစေသောအရာများကို ကျင့်သားရအောင်လေ့ကျင့်ခြင်း

- အိပ်ချိန်ပုံမှန်ထားရှိခြင်း

- လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်း

- ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်ခြင်းမျိုးကို ရှောင်ကြဉ်ပါ။

- အီစရိုဂျင်ဟော်မုန်းပါဝင်တဲ့ဆေးတွေကြောင့် ခေါင်းပိုကိုက်တတ်ရင် ဒီဆေးတွေကို ရပ်လိုက်ပါ။

ဖော်ပြပါ နည်းလမ်းများက ခေါင်းကိုက်ခြင်းကို မသက်သာရင် ဆရာဝန်နှင့် ပြသပြီး ဆေးကုသမှု ခံယူပါ။

အားလုံးပဲ ဝေဒနာများ ကင်းဝေး၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - ဒေါက်တာ မျိုးမြမြဆွေ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။