မြန်မာနိုင်ငံရဲ့ အကျော်ကြားဆုံး TV Show တွေထဲမှာ Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးလဲ တစ်ခုအပါအဝင်ပါ ။ Myanmar Idol ပြိုင်ပွဲဟာ ပွဲစတင်လူရွေးစဉ်ထဲက စိတ်ဝင်စားဖို့ကောင်းခဲ့တာ နောက်ဆုံး Final Winner ရွေးတဲ့ထိ အားပေးတဲ့ပရိတ်သတ်က လျော့သွားခြင်းမရှိပါဘူး ။ ဒီလို ကောင်းတဲ့ ပြိုင်ပွဲတစ်ခုဖြစ်လာတာ စီစဉ်သူတွေရဲ့ အစီအမံတွေကောင်းလို့အပြင် ဒိုင်လူကြီးတွေ ပြိုင်ပွဲဝင်တွေ နောက်ဆုံး Host ကိုကျော်ထက်အောင်ကအစ တကယ်တော်ကြလို့လဲ ပါပါတယ် ။ Myanmar Idol က ဒိုင်တွေရဲ့ ပြောစကားတွေ အမူအရာဟန်ပန်တွေ Host ရဲ့ ပြောစကားတွေဟာ အပြင်မှာပြန်ရေပန်းစားလာတဲ့ထိကို ပရိတ်သတ်တွေ အားပေးမှုကိုခံခဲ့ရပါတယ် ။

Myanmar Idol ပြိုင်ပွဲကြီးက ခုတစ်ဖန် ပြန်လည်စတင်တော့မှာမို့ ပရိတ်သတ်တွေကလည်း ဆက်လက်စောင့်မျှော်ကြည့်ရှုဖို့ ဟန်ပြင်နေကြပါပြီ ။ ဒီချိန်မှာ အရင်ပြိုင်ပွဲက

အန်ကယ် No လို့ နာမည်ကြီးခဲ့တဲ့ မြန်မာပြည်သိန်းတန်က ပြိုင်ပွဲအတွက် သူစီစဉ်ထားတာတွေကို 8 day Journal ရဲ့ အင်တာဗျူးမှာအောက်ပါအတိုင်းပြောပြထားပါတယ် ။

" Myanmar Idol season 3 မှာပါရတဲ့အတွက် အရမ်းပျော်ပါတယ် ။ အန်ကယ်ရဲ့ ၀ါသနာနဲ့ ပညာကို အသုံးချ အရင်းတည်ပြီး အဆိုတော်ကောင်းလေးတွေရွေးချယ်ရတာကြောင့် ဂုဏ်ယူဝမ်းသာပါတယ် ။ မနှစ်ကပြိုင်ပွဲဝင်လေးတွေကို Yes မပြောရင် No ပဲပြောရတဲ့ စကားလုံးတွေက များလွန်းတော့ ပရိတ်သတ်တွေ တေးချစ်သူတွေက နာမည်ပြန်ပေးတော့ Myanmar Idol Grand Final မှာတောင် သီချင်းစပ်ဆိုခဲ့ပါသေးတယ် ။ 

ဒီနှစ်မှာလဲ ရွေးရင် Yes မရွေးရင် No လို့ပြောရမယ်ဆိုရင် ဒီစကားပဲလာမလားမသိဘူး ။ စကားအသစ်တစ်ခွန်းပြောဖို့ စဉ်းစားစိတ်ကူးနေပါတယ် ။ Facebook မှာ Troll လုပ်ခံရတာ ဘယ်လိုခံစားရလဲ ဆိုရင် အန်ကယ်က Troll လုပ်တယ်ဆိုတာတောင်မသိဘူး ။ အဲဒါက ကိစ္စမရှိပါဘူး ။ ဒိုင်ဆိုတာ တရားသူကြီးပါပဲ ။ အန်ကယ်က ဂီတမှာတရားသူကြီးလာလုပ်ရတယ် ။ အန်ကယ်သမီးလာပြို်င်လို့ အခြားပြိုင်ပွဲဝင်လောက်မကောင်းရင်တောင် အန်ကယ်ကတိုးတိုးတိတ်တိတ် တင်ပေးရမှာလား ။ ဖြုတ်ချမှာပါပဲ ။ " လို့ ဆိုခဲ့တာပါ ။

Myanmar Idol ပွဲမှာတော့ အန်ကယ့်က စိတ်အဝင်စားခံရဆုံး ဒိုင်တစ်ယောက်ဖြစ်နေတာတော့ ငြင်းလို့မရပါဘူး ။ စောင့်ကြည့်ကြမယ်မဟုတ်လား ပရိတ်သတ်ကြီးတို့ရေ ... 

သတင်းအရင်းမြစ် 8days

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။