ဇန်နဝါရီ ၁၇ ရက် ညနေ ၄ နာရီအချိန် မြဝတီမြို့နယ် မင်းလက်ပံကျေးရွာတွင် အပြစ်မဲ့ပြည်သူ တဦးအား သေနတ်နဲ့ ပြစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။မင်းလက်ပံကျေးရွာတွင်နေ ထိုင်သူ ဦးမိုးကိုကို (၄၇)နှစ်အား အရက်သောက်ထားသည့် လက်နက်ကိုင်တဦးမှ သေနတ်ဖြင့် အနိုင်ကျင့်ပစ်ခတ်ခဲ့တာ ပဲဖြစ်ပါတယ်။ဖြစ်စဉ်မှာဦးမိုးကိုကို နေထိုင်သောအိမ်သို့ သွားရောက်၍ ၎င်းရဲ့တိုက် ကြက်အားဝယ်ယူရာ ဦးမိုးကိုကိုမှ မရောင်းသဖြင့် စိတ်ဆိုးဒေါသထွက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။

၎င်းအသင့်ယူဆောင်လာတဲ့ ပစ္စတိုသေနတ်ဖြင့် ဦးမိုးကိုကိုရဲ့ ဘယ်ဘက်ပေါင်ကိုပစ်ခတ်ခဲ့တယ်လို့ နယ်မြေရဲစခန်းမှ ရအရာရှိတစ်ဦး ကပြောပါတယ်။အဆိုပါ သေနတ်ခတ်မှုကြောင့် ဦးမိုးကိုကိုရဲ့ ဘယ်ဘက်ပေါင် အနီးကပ်ထုတ်ချင်းပေါက် ထိမှန်ပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ တာပဲဖြစ်ပါ တယ်။သေနတ်ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့ ဦးမိုးကိုကို ကိုတော့ မြဝတီခရိုင် ပြည်သူ့ဆေးကြီးသို့ တင်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

သေနတ့်ဖြင့်ပစ်ခတ်ခဲ့တဲ့ သူဟာ လက်နက်ကိုင်အဖွဲ့အစည်းတခုမှ အရာရှိတဦးဖြစ်တယ်လို့ မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှ အရာတစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မြဝတီရဲစခန်းမှ စခန်းမှူးဒုရဲမှူးမင်းကိုနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြဝတီရှေ့တန်းရုံးမှ စစ်သည်များ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များမှ သွားရောက်ပြီး လိုအပ်သော စစ်ဆေးဆောင်ရွက်မှု များပြုလုပ်နေတယ်လို့ သိရပါတယ်။ 

သတင်းအရင်းအမြစ် - ကိုကို(မြဝတီ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။