မသန်စွမ်းဖြစ်သော်လည်း မိုးရွာရွာ၊ နှင်းကျကျ၊ နေ့စဉ် နံနက် လေးနာရီ ထပြီး ၁၂ နှစ်လုံးလုံး သန့်ရှင်းရေးလုပ်သည့် သန့်ရှင်းရေးသမားတစ်ဦး အကြောင်း သည် တရုတ်လူထုကြား အလွန်လူကြိုက် များနေသည်။အသက် ၄၆ နှစ်အရွယ် ရှန်ဝူယီသည် ခြေထောက်တစ်ဖက်သာ ရှိသော်ငြား အလုပ်လုပ်ရန်အတွက် မည် သည့်အခါမှ ဝန်မလေးခဲ့ပေ။

ရှီယန်ပြည် နယ်ရှိ လမ်းလေးလမ်းကို သန့်ရှင်းရေး လုပ်ရန် တာဝန်ပေးခံရပြီးကတည်းက စကာ ရှန်ဝူယီသည် ခွင့်တစ်ရက်မှ မယူ တော့ဟု လုပ်ဖော်ကိုင်ဖက်တစ်ဦးက ဆို သည်။နိုင်ငံတကာအလုပ်သမားများနေ့ ဖြစ်သည့် မေလ တစ်ရက်တွင် မွေးသူဖြစ် သဖြင့် မိမိသည် အလုပ်လုပ်ရသည်ကို အလွန်ကြိုက်ကြောင်း ၎င်းက ဆိုသည်။၎င်းသည် ခြေထောက်တစ်ဖက် မရှိသည့် အတွက် တုတ်ချောင်းတစ်ချောင်းကို အမှီပြုပြီး သန့်ရှင်းရေးလုပ်ရသည်။ရှန်ဝူယီရဲ့ဇနီးသည်ကလည်း သူနှင့်အတူတူ အ လုပ်လုပ်ကိုင်လျက်ရှိပြီး ယခုအချိန်မှာတော့ သူတို့ရဲ့အိမ်ထောင်သက် ဟာ၂၁ နှစ်ရှိသွားပြီပဲဖြစ်ပါတယ်။ သူတို့လင်မယားနှစ်ယောက် တာဝန် ကျသည့် လမ်း (၄)လမ်း ဟာ အရှည် ပေ ၃၃၀၀ ခန့်ရှိတယ်လို့လည်းသိရပါတယ်။ 

ရှန်ဝူယီရဲ့မိခင်ဟာ နားမကြားသဖြင့် သူလည်း မျိုးရိုးလိုက်ကာ မွေးရာပါနားမ ကြားခြင်းဖြစ်သည်။ရှန်ဝူယီ် ခုနစ်နှစ်သားအ ရွယ်မှာတော့ ရထားလာ သည်ကို မကြားသဖြင့် ရထားတိုက်ခံလိုက်ရပြီး ခြေ ထောက်တစ်ဖက်ပြတ်သွားခဲ့ပါတယ်။''သူက ဆွံ့အနားမကြားဆိုပေမယ့် ဒီအ လုပ်ကို အရမ်းမြတ်နိုးတာ။ သူတို့က ဒီအ လုပ်နဲ့ဘဲ ထမင်းစားနေရတာလေ။ အလုပ် သိပ်ကြိုးစားတဲ့ လင်မယားပေါ့'' ဟု လုပ် ဖော်ကိုင်ဖက်တစ်ဦးက ဆိုသည်။

Source: Pyi Myanmar (Facebook) 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။