စူပါမော်ဒယ်လ်နှစ်ဦးဖြစ်တဲ့ မေမြတ်နိုးနဲ့ ရွှေအိမ်စည်တို့ကိုတော့ နန်းဆန်လှတဲ့ အပြင်အဆင်များနဲ့ မြင်တွေ့ရပါတယ်။ စူပါမော်ဒယ်လ်တွေလို့ ပြောစရာမလိုလောက်အောင်ကို ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ပြေပြစ်လွန်းတဲ့အချိုးအစားကတော့ ပရိသတ်ကြီးမျက်မြင်ပါပဲ။

အလှမယ်မေမြတ်နိုးကတော့ Miss Asia Pacific World 2014 တစ်ယောက်ဖြစ်ကာ မြန်မာနိုင်ငံအတွက် ဂုဏ်ဆောင်နိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းအတွက်ကိုတော့ လက်ရှိမှာ “ မြွှေ” ဆိုတဲ့ဇာတ်ကားကို သရုပ်ဆောင်စိုးပြည့်သဇင် ၊ဥက္ကာမင်းမောင်၊ ဟန်လေးတို့နဲ့အတူ ရိုက်ကူးလျက်ရှိပါတယ်။

အလှမယ် ရွှေအိမ်စည်ကတော့ Miss Grand Myanmar 2017 Winner ဆုကိုလောလောလတ်လတ်ရရှိထားသူ တစ်ဦးပဲ ဖြစ်ပါတယ်။ သူမကတော့ သူမနှစ်သက်မြတ်နိုးတဲ့ မော်ဒယ်လ်အလုပ်ကိုသာ ဇောက်ချလုပ်ကိုင်ကာ ရှိုးပွဲတိုင်းရဲ့ စင်မြင့်ထက်မှာ ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ Miss အသိုင်းအဝိုင်းမှာ အောင်မြင်မှုအသီးသီးရရှိနေတဲ့သူမတို့နှစ် ယောက်ရဲ့ လတ်တလောပုံလေးတွေကို ပရိသတ်ကြီးအတွက် စုစည်းဖော်ပြပေးလိုက် ရပါတယ်။

Source – Shwe Eain Si FB & May Myat Noe FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။