နာမည်ကျော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ယွန်းယွန်းတစ်ယောက် သူမရဲ့မွေးနေ့ပွဲအတွက် ပြင်ဆင်ထားတဲ့ အခမ်းအနားအလှအပတွေနဲ့ အလှဆုံးပုံရိပ်လေးတွေ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ 19.1.2018 မှာ အသက်ဆယ့်နှစ်ရှစ်ပြည့်သွားပြီဖြစ်ပြီး လူကြီးစာရင်းဝင်သွားပြီပဲ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ်နဲ့ ပရိတ်သတ်တွေရဲ့အချစ် ကို ရယူထားခဲ့သူလေးက ယခုဆိုရင် အသက်ဆယ့်ရှစ်နှစ်ပြည့်မြောက်သွားပြီး အပျိုကြီး ဖားဖား ဖြစ်လို့နေပါပြီ။ ငယ်စဉ်ကတည်းက အားပေးချစ်ခင်လာတဲ့ ပရိတ်သတ်တွေဟာ ဆိုရင် ခိုင်ခိုင်မာမာရှိနေပြီပဲဖြစ်ပါတယ်။

ကလေးသရုပ်ဆောင်အဖြစ်နဲ့ အကယ်ဒမီဆုကိုရရှိခဲ့ပြီး အောင်မြင်တဲ့အနုပညာရှင်အဖြစ် လက်ရှိမှာလည်း ရပ်တည်နေတာဖြစ်ပါတယ်။ “ မနေ့ကဖြစ်သည် ” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်အားပေးမှု အပြည့်အဝရရှိခဲ့တာမို့ နောက်ထပ် အသစ် ဖြစ်တဲ့ “ မနေ့ကဖြစ်သည် ” ဇာတ်လမ်းတွဲ (၂) မှာလည်း ထပ်မံပါဝင်သရုပ်ဆောင်ဦးမှာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူမကို အားပေးချစ်ခင်သူပရိတ်သတ်တွေကလည်း အများအပြားရှိကြပါတယ်။ အရည်အချင်းရှိတဲ့ အနုပညာရှင်တစ်ဦးအဖြစ်နဲ့ အနုပညာ လောကမှာ အောင်မြင်စွာရပ်တည်လာတာ ယခုဆိုရင် အချိန်အတိုင်းအတာတစ်ခုထိ ကြာမြင့်ခဲ့ပြီပဲဖြစ်ပါတယ်။

သူမရဲ့မွေးနေ့ပွဲအခမ်းအနားအပြင်အဆင် အလှအပတွေနဲ့အတူ ရိုက်ကူးထားတဲ့ သူမရဲ့ ပုံရိပ် တွေက တကယ်ကိုချစ်စရာကောင်းလွန်းနေပါတယ် ပရိတ်သတ်ကြီးရေ။ ခရမ်းရောင် မြန်မာဝမ်းဆက်လေးနဲ့ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးက တကယ့်ကို ကြွေချင်စရာကောင်းလှ ပါတယ်။ ပရိတ်သတ်တွေရဲ့ အသည်းစွဲတစ်ခုဖြစ်တဲ့ သူမရဲ့ဆံနွယ်ရှည်ကြီးကိုလဲ ဖြန့်ချထား တာကြောင့် လှပမှုအပေါင်း သရဖူဆောင်းထားတဲ့ ပုံရိပ်လေးတွေအဖြစ် ပရိတ်သတ်ကြီး အတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo – Yoon Yoon’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။