ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး ယွန်းယွန်းကတော့ သူမရဲ့ မွေးနေ့ရက်လေးကို အလှူအဒါန်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တာ တွေ့ရပါတယ်..။

ဇန်နဝါရီ(၁၉)ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူမရဲ့ အသက်(၁၈)နှစ်ပြည့် မွေးနေ့လေးမှာ အလှူအဒါန်းတွေ ပြုလုပ်ပြီး ညပိုင်းမှာတော့ ချစ်ခင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ မွေးနေ့ပါတီ ပြုလုပ်ကျင်းပခဲ့တာ ဖြစ်ပါတယ်..။

သူမရဲ့ မွေးနေအလှူလေးကို ရန်ကုန်မြို့ လှိုင်မဟာစည်ဝိပဿနာကျောင်းတိုက်မှာ မွေးနေ့အလှူအဖြစ် လှူဒါန်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။

ငယ်စဉ်ကတည်းက ချစ်စရာကောင်းတဲ့ မင်းသမီးချောလေး ယွန်းယွန်းကတော့ သူမရဲ့ မွေးနေ့လေးကို ရိုးရှင်း ပျော်ရွှင်စွာ ဖြတ်သန်းခဲ့တာလည်း ဖြစ်ပါတယ်..။

မွေးနေ့ ပါတီပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို ကတိပေးထားတဲ့ အတိုင်း Live လွှတ်ပြိး ပြန်လည်မျှဝေထားပါသေးတယ်..။

သူမရဲ့ မွေးနေ့ ပါတီလေးကိုလည်း မိတ်ဆွေသူငယ်ချင်း ပရိသတ်များနဲ့ အနုပညာရှင်များလည်း တတ်ရောက်ခဲ့ကြတာ တွေ့ရပါတယ်..။

ယွန်းယွန်းကတော့ သူမရဲ့ မွေးနေ့ရက်လေးမှာလည်း အလုပ်တွေမအားတာကြောင့် ဘုရားမသွားဖြစ်ခဲ့ပေမယ့် လှူဒါန်းမှုတွေကိုပြုလုပ်ခဲ့ပြီး ကုသိုလ်ယူခဲ့တာလည်း ဖြစ်ပါတယ်..။

ကလေးဘဝကတည်းက မင်းသမီးတွေရဲ့ ငယ်ဘဝကို သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတဲ့ မင်းသမီးချောလေးကတော့ အခုခါမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေတာ တွေ့ရပါတယ်..။

ပါးချိုင့်လေးနဲ့ သူမရဲ့ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ ကျွမ်းကျင်ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေက အချစ်ပိုနေရပြီး အကယ်ဒမီဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။

Source - ယွန်းယွန်း fb

Photo - Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။