လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာရုံလမ်းကားမှတ်တိုင်တွင်ဖြစ်ပွားခဲ့သော

ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခဲ့ ကြသူများအနက် တစ်ဦးအားဖမ်းဆီးရမိ

၃.၁၂.၂၀၁၆ ရက်နေ့ ၁၅၀၀ အချိန်ခန့်တွင် လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊

အင်းစိန်လမ်း၊ အုတ်ကျင်းဘူတာရုံလမ်း၌ အမျိုးသားတစ်ဦးအား လူငယ်

၄ ဦးမှ ဝိုင်းဝန်းရိုက်နှက်ထိုးကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ လှိုင်မြို့နယ်နေ ဦးမြင့်နိုင်ဦးသည် ထောက်ကြန့်သို့သွားရန်

အတွက် အင်းစိန်လမ်းမ၊ အုတ်ကျင်းဘူတာရုံလမ်းမှတ်တိုင်၌ကားစောင့်

နေခဲ့ကြောင်း၊ ထိုစဉ် သံလမ်းဘက်မှ သမိုင်းလမ်းဆုံ ဘက်သို့မောင်းနှင်

လာသော အမှတ်(၂၂၆)ယာဉ်လိုင်း ခရီးသည်တင်ယာဉ်ပေါ်မှ ပိုက်ဆံ

အိတ်ကိုင်ထားသော လူငယ်တစ်ဦးဆင်းလာပြီး ၎င်းနောက်မှ အမျိုးသား

၄ ဦးဆင်းလာကာ မှတ်တိုင်၌ စကားများနေကြသဖြင့် ဦးမြင့်နိုင်ဦးမှ

ဝင်ရောက်ဖြန်ဖြေပေးခဲ့ကြောင်း၊ အမျိုးသား ၄ ဦးအနက် တစ်ဦးက

“ခင်ဗျားနှင့်ဘာဆိုင်လို့လဲ”ဟုပြောပြီးဆဲဆိုကာ လက်သီးနှင့်ထိုးခဲ့သဖြင့်

ဦးမြင့်နိုင်ဦးမှ လမ်းတစ်ဘက်သို့ကူးသွားစဉ် လမ်းလယ်အရောက်၌

၎င်းအမျိုးသား ၄ ဦးက နောက်မှလိုက်လာကာ ထပ်မံ၍ ဝိုင်းဝန်းထိုးကြိတ်

ခဲ့ကြောင်း၊ လမ်းတစ်ဖက်အရောက်တွင်လည်း ၎င်းတို့ ၄ ဦးမှ အုတ်ခဲနှင့်ထု၊

စတီးဂေါ်ပြားဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြသဖြင့် ဦးမြင့်နိုင်ဦးတွင် ဦးခေါင်းထိပ်၊

ဝဲလက်မောင်း၊ ဝဲလက်ဖျံပေါက်ပြဲ၊ လည်ပင်းယာဘက်ပွန်းခြစ်ဒဏ်ရာများ

ရရှိခဲ့ကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပြင်ပလူနာအဖြစ်ကုသခဲ့ရကြောင်း

သိရှိရပါသည်။

ထိုသို့ဝိုင်းဝန်းထိုးကြိတ်၊ ရိုက်နှက်သူများအား အရေးယူပေးရန် တိုင်တန်း

ချက်အရ လှိုင်မြို့မရဲစခန်း(ပ)၁၁၅၈/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ-၃၂၅/၂၉၄/

၁၁၄ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ

အမှုမှပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ လှိုင်သာယာမြို့နယ်နေ ဆန်းဝင်းကို၊

(၂၃)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး ကျန်ပြစ်မှုကျူးလွန်သူများကိုလည်း ရဲတပ်ဖွဲ့မှ

လိုက်လံ စုံစမ်းဖမ်းဆီးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။