ဗြိတိန် အဆိုတော် အက်ဒ် ရှရန်ကတော့ သူ့ရဲ့ ငယ်ချစ်ဦးနဲ့ စေ့စပ်လိုက်ပြီလို့ သူ့ရဲ့အင်စတာဂရမ်အကောင့်ကနေ စနေ့နေ့က အသိပေးလိုက်တာဖြစ်ပါတယ်။

ဂရမ်မီဆုရှင်ဟောလိ၀ုဒ်အဆိုတော် အက်ဒ်ရှရန်ဟာ ချစ်သက်တမ်းတွေကြာပြီဖြစ်တဲ့ သူ့ရဲ့ ချစ်သူ ဟော့ကီအားကစားမယ် Cherrry Seaborn နဲ့ စေ့စပ်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။  

Thinking Out Loud ရဲ့ တေးသံရှင်တေးရေးဆရာ အက်ဒ်ရှရန်ဟာ အမိုက်စားသီချင်းလေးတွေရေးစပ်သီဆိုခဲ့ပြီး ကမ္ဘာတစ်လွှားမှာ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။

ငယ်သူငယ်ချင်းတွေဘဝကနေ ချစ်သူဖြစ်ခဲ့ကြတဲ့ သူတို့စုံတွဲလေးဟာ (၂၀၁၅)ခုနှစ်မှာစပြီး တွဲခဲ့တာဖြစ်ပါတယ်။ 

ချယ်ရီဟာ (၂၀၁၂)ခုနှစ်ကဥရောပချန်ပီယံပြိုင်ပွဲမှာ ဗြိတိန် U21 အသင်းရဲ့ ကြေးတံဆိပ်ဆုရရှိခဲ့တဲ့ ဟောကီကစားသမားတစ်ဦးဖြစ်ပါတယ်။

အက်ဒ်ရှရန်ဟာ အနုပညာအလုပ်တွေခဏတာနားခဲ့ပြီးနောက် ချစ်သူနဲ့အတူ ကမ္ဘာလှည့်ခရီးစဉ်တွေထွက်ခဲ့ပြီး ပျော်ရွှင်စွာဖြတ်သန်းနေတာပါ။ဗြိတိန်ရဲ့ အအောင်မြင်ဆုံး အဆိုတော်အဖြစ် ရပ်တည်နေတဲ့ အက်ဒ်ရှရန် ဟာ Brit awards ဂီတထူးချွန် ဆုပေးပွဲရဲ့ Album of the year, British Single, British video နှင့် British male စသည့် ဆုစာရင်းလေးခုမှာ ဆန်ကာတင်ပါ၀င်နေတာဖြစ်ပါတယ်။ 

ချစ်သူသက်တမ်း(၃)နှစ်ရှိပြီဖြစ်တဲ့ သူတို့စုံတွဲလေးကတော့ တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြတယ်ဆိုတာ သူတို့ရဲ့စုံတွဲပုံလေးတွေမြင်တာနဲ့ သိနိုင်ပါတယ်။

ပရိသတ်ကြီးရေ အက်ဒ်ရှန် တို့စုံတွဲလေးလိုက်ဖက်တယ်မလား 

Source : CNN 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။