လူမှုစာမျက်နှာပေါ်မှာ အချိန်တိုအတွင်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရယူနိုင်ခဲ့ပြီး နာမည်ကြီး Beauty Blogger အဖြစ်ရပ်တည်နေသူကတော့ နေခြည်ဦး ဖြစ်ပါတယ်။ နေခြည်ဦးဟာ တစ်ရက်တစ်ခြား အောင်မြင်လာတာနဲ့အမျှ သူမကို အားပေးသူတွေလည်း များပြာလာသလို ဝေဖန်တိုက်ခိုက်ဖို့ စောင့်ကြည့်တဲ့ မျက်လုံးတွေလည်း များပြားလို့နေတာ တွေ့ရပါတယ်။

လတ်တလောမှာတော့ နေခြည်ဦးတစ်ယောက် ဝေဖန်တိုက်ခိုက်မှုတွေကြောင့် သူမရဲ့ personal account ကို deactivate လုပ်သွားပါတယ်။ အကြောင်းကတော့ မကြာခင် သူမသွားတွေ့မဲ့ ကမ႓ာကျော် Gi Gi နဲ့ ပတ်သတ်ပြီး ဖြေဆိုတဲ့ အင်တာဗျူးတစ်ခုမှာ မြန်မာပြည်မှာGi Gi ကို သိတဲ့သူဟာ လက်ချိုးရေလို့ ရတယ်ဆိုတာကနေ စပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို အကြီးအကျယ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ 

ဒီကိစ္စနဲ့ပတ်သတ်လို့ အနုပညာလောကနဲ့ စပ်ဆက်နေသူတွေကလည်း သူမကို ဝေဖန်ခဲ့သလို ထိုဝေဖန်သူတွေထဲမှာ တလောက "Make me Beautiful" အစီအစဉ်မှာ သူမနဲ့အတူ ဒိုင်အဖြစ်ပါဝင်ခဲ့တဲ့ မိတ်ကပ်လင်းလင်းကလည်း ဝေဖန်ခဲ့ပါတယ်။ "သူတစ်ယောက်ထဲပဲ သိတာပါ ကျွန်မတို့က အော့လီမတွေပေါ့နော် ဘိလပ်မှာနေလာတာကို ကျွန်မတို့က Paris လောက်ပဲ ရောက်ဘူးတော့ မသိလို့ပါ Gi Gi Hadid ပုံလေးတွေတင်ပေး ကျေးဇူးပါမမ ခုမှဘဲ မြင်ဖူးတော့တယ်" ဆိုပြီး post တစ်ခုကို share ကာ ရေးသားခဲ့ပါတယ်။ လက်ရှိမှာတော့ ထို post ကို ပြန်ဖျက်သွားခဲ့ပြီး နေခြည်ဦးရဲ့ ပရိသတ်တွေကတော့ စိတ်မကောင်း ဖြစ်နေကြပါတယ်။

Source: Nay Chi Oo Fan Group

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။