ရဲတိုက်ပရိသတ်တွေကတော့ စိတ်အေးလောက်ပြီပေါ့နော်။

ဘဝကိုအသစ်တစ်ဖန်ပြန်စပြီး နေ့သစ်တွေကိုစိတ်သစ်လူသစ်နဲ့ အနုပညာအလုပ်တွေပြန်လုပ်နေတဲ့ ရဲတိုက်ဟာ အနုပညာလောကနဲ့ ကာလအတန်ကြာ ကင်းကွာခဲ့ပေမယ့်လည်း ပရိသတ်အားပေးမှုကတော့ မလျော့သေးပါဘူး။

ဇန်နဝါရီလ(၂၂)ရက်နေ့ ညနေပိုင်းက ဒိုင်ယာစီပင်ဆေးပြား (၄၀)ခန့်သောက်သုံးမိလို့ အရေးပေါ်ဆေးရုံတင်ခဲ့ရတဲ့ ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင် ရဲတိုက်ဟာ ဒီနေ့မှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်တယ်လို့ သိရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့်ရပ်ကွက်နေ သရုပ်ဆောင် ရဲတိုက်(ခ)လင်းထွန်းဦးဟာ ယနေ့ ညနေ ၅ နာရီခန့်က သူရဲ့ နေအိမ်တွင်ပင် ဒိုင်ယာစီပင်ဆေးပြား ၄၀ခန့် သောက်သုံးမှုကြောင့် သတိလစ်မေ့မြောနေတာမို့ မွေးစားဖခင်ဖြစ်သူ ဦးမျိုးဇော်မှ သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံကြီးသို့ ကနေဦးပို့ဆောင်ခဲ့တာပါ။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ရဲတိုက်ရဲ့ လက်တလော ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ဒါရိုက်တာရီဇော်က Myanmar Celebrity အင်တာဗျုးမှာ ပြောခဲ့တယ်လို့ သိရပါတယ်။

“အစာအိမ်ရောင်နေတဲ့ အချိန်မှာ အရက်အလွန်အကျွန် သောက်မိတယ်။ စိတ်ဆရာဝန်ကြီး ပေးထားတဲ့ ဆေးတွေကိုလည်း ထပ်သောက်တယ်လို့ သိရပါတယ်။ “Food Poisoning” (အစာအဆိပ်သင့်မှု) ဖြစ်ပြီး ရုတ်တရက် ရန်ကုန်ဆေးရုံကြီးမှာ အရေးပေါ် ဆေးကုသမှု ခံယူနေရပါတယ်။ စိုးရိမ်စရာ အခြေအနေတော့ မရှိတော့ပါဘူး” ဆိုပြီး ရဲတိုက်ရဲ့ဖြစ်ကြောင်းကုန်စင်ကို ပြောပြခဲ့ပါတယ်။

နေပြန်ကောင်းလာပြီဆိုတဲ့ ရဲတိုက်တစ်ယောက် သူ့ရဲ့ မန်နေဂျာနဲ့ အတူ ဆေးရုံမှာ ရွှင်ရွှင်လန်းလန်း ဓာတ်ပုံရိုက်ထားတဲ့ ပုံလေးတွေကို သူ့ရဲ့ ဖေ့ဘုတ်ပေ့ချ် တစ်ခုမှာတွေ့မြင်ရပါတယ်။

ရဲတိုက်ဟာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ်(၄)နှစ်တာကျခံခဲ့ပြီး နို၀င်ဘာလမှာ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

ပရိသတ်တွေအခိုင်အမာရရှိနေသေးတဲ့ ရဲတိုက်ဟာ အနုပညာလောကထဲကို တစ်ကျော့ပြန်ဝင်ရောက်လာချိန်မှာ မှန် ဆိုတဲ့ ရုပ်ရှင်ကားကို ရိုက်ကူးနေပြီး ကြော်ငြာတွေလည်း ဆက်တိုက်ရိုက်ကူးနေရပါတယ်။  

Source : MyanmarCelebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။