ဘောလုံးပွဲရှုံးလည်း အမှိုက်ကောက်ပါတယ်

မနေ့ညကတော့ ဆူဇူကီးဖလားပြိုင်ပွဲအတွက် အိမ်ရှင်အသင်းဖြစ်တဲ့ ကျွန်တော်တို့မြန်မာအသင်း နဲ့ ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားပွဲဖြစ်ပါတယ်။ ပွဲမကန်ခင်ကပင် မြန်မာနည်းပြက ထိုင်းအသင်းနဲ့ကျရင်တော့ နိုင်ဖို့ကို အများကြီးမျှော်လင့်မထားဖို့ သတိပေးစကားပြောကြားခဲ့ပါတယ်။

ယှဉ်ပြိုင်ကစားရာမှာတော့ မြန်မာအသင်းကို ထိုင်းအသင်း ၂ ဂိုးအပြတ်ဖြင့် အနိုင်ကစားသွားပါတယ်။ မလေးရှားအသင်းနဲ့တုန်းက ပွဲလှခဲ့ပေမယ့် ထိုင်းအသင်းနဲ့ဆုံခဲ့ရချိန်မှာတော့ ရှုံးခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာတွေ ဘောလုံးပွဲရှုံးပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာကတော့ ဘယ်တော့မှ မရှုံးပါဘူး။ နိုင်တုန်းကလည်း အမှိုက်ကောက်ပြီးမှပြန်ခဲ့သလို ရှုံးနိမ့်ခဲ့ချိန်မှာလည်း အမှိုက်ကောက်ပြီးမှ အိမ်ပြန်ခဲ့ကြပါတယ်။ ကွင်းထဲမှာသာမ ကွင်းပြင်တွေမှာလည်း ဆူပူသောင်းကျန်းတာမျိုးမရှိဘဲ ဘောလုံးသမားတွေကို စိတ်ဓာတ်မကျဖို့ ယှဉ်ပြိုင်ခြင်းသာအဓိကဖြစ်ကြောင်း အားပေးကြရင်း အိမ်ပြန်ခဲ့ကြပါတယ်။ တို့ မြန်မာတွေ စည်းကမ်းရှိလာပါပြီ………

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။