ပရိသတ်များ စိတ်ဝင်တစားစောင့်မျှော်နေတဲ့ မီရုပ်ရှင်ဇာတ်ကားကြီးကတော့ အောင်မြင်စွာရိုက်ကူးပြီးစီး သွားပြီပဲဖြစ်ပါတယ်။ အဆိုပါရိုက်ကူးပြီးစီးခြင်းနဲ့ ပက်သက်၍လည်း မီရုပ်ရှင်ဇာတ်ကား Pageမှ အခုလိုပဲ ပြောပြထားပါတယ်။ “မီ ရုုပ်ရှင်ဇာတ်ကားကြီးကိုု အောင်မြင်စွာ ရိုုက်ကူးပြီးစီးသွားပြီ ဖြစ်ပါသည်။ မီ ရုုပ်ရှင်ဇာတ်ကားကြီး ဖြစ်မြောက်ရေး အတွက် စိတ်အား လူအားဖြင့် ဝိုုင်းဝန်ကူညီ လုုပ်ကိုုင်ပေးခဲ့ကြသော လုုပ်ဖော်ကိုုင်ဖက်၊ မိတ်ဆွေ၊ သူငယ်ချင်းများ အားလုံုးကိုု ကျေးဇူး အထူးတင်ရှိပါသည်။

Post Production လုုပ်ငန်းစဉ်များကိုု ကြိုးစား လုုပ်ဆောင်ပြီး မီ ရုုပ်ရှင်ဇာတ်ကားကြီးကိုု ပရိသတ်ရှေ့သိုု့ အမြန်ဆုံုး တင်ဆက်သွားမည်ဖြစ်ပါသည်။ မီ ရုုပ်ရှင်ဇာတ်ကားကြီး အတွက် ဝိုုင်းဝန်း အကြံပြုပေးကြသော ပရိသတ်များကိုုလည်း အထူးကျေးဇူးတင်ရှိပါသည်။ Offline edit, Sound Design, Scoring, Online edit, Colour Grading and DCP လုုပ်ငန်းစဉ်များမှာ အဆင့်ကျော် လုုပ်ကိုုင်မရသောကြောင့် ရုုပ်ရှင်တစ်ကားလုံုး၏ Final Theme Color ကိုု အတည်ပြုရန် အချိန်စောလွန်းနေပါသေးသည်။ (ဓါတ်ပုံုများပင်လျင် မှတ်တမ်းကင်မရာမှ ရိုုက်ကူးသောပုံုများဖြစ်ပြီး ရုုပ်ရှင်ရိုုက်ကူးသော ကင်မရာမှ Colour, Composition များ မဟုုတ်ကြောင်း ကြိုတင် အသိပေးအပ်ပါသည်”လို့ ပြောပြထားပါတယ်။

မီရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဏကြီးမှ ရိုက်ကူးထားပြီး စာရေးဆရာမကြီး ကြည်အေးရဲ့ နာမည်ကြီးဝတ္ထု “မီ”ကိုအခြေခံရိုက်ကူးထားခြင်း ဖြစ်ပတယ်။ ပါဝင်တဲ့သရုပ်ဆောင်များကတော့ နေတိုး ၊ ပိုင်ဖြိုးသု ၊ ရဲအောင်၊ မင်းဦး၊ သားညီ ၊ မင်းသွေးတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အခြားသရုပ်ဆောင်များလည်း ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ပရိသတ်ကြီးလည်း မီရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလာရင်လည်း တူတူအားပေးကြမယ်နော်။ 

Source : မီ (facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။