ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး အေးဝတ်ရည်သောင်းကတော့ မိဘမဲ့ကလေးများအတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။

မအေးသောင်းလို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး အေးဝတ်ရည်သောင်းကတော့ ပရိသတ်တွေအားပေးချစ်ခင်မှုတွေ အခိုင်အမာရရှိထားတဲ့ အနုပညာရှင် ဆယ်လီတွေထဲက တစ်ဦးပါပဲ..။

လှူဒါန်းမှုများကို မကြာခဏ ပြုလုပ်တတ်တဲ့ သူမကတော့ အခုတစ်ခေါက်မှာလည်း ရီမာမိဘမဲ့ဂေဟာမှာ ကလေးများအတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။

မိဘမဲ့ကလေးများအတွက် မုန့်များနဲ့ အသုံးအဆောင်ပစ္စည်းများနဲ့ အလှူငွေများကို သွားရောက် လှူဒါန်းခဲ့တဲ့အကြောင်းကို လွန်ခဲ့တဲ့ မိနစ်ပိုင်းက မအေးသောင်းက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

“မနေ့က ရီမာကျောင်းလေးမှာ အလှူလေးလုပ်ခဲ့ပါတယ်.. ကလေးတွေကျောင်းတက်နေတော့ ညနေကျောင်းဆင်းချိန်မှာ အရောက်သွားခဲ့ပါတယ်ရှင့်..။

ကလေးတွေလိုအပ်တဲ့ ယောကျာ်းလေး မိန်းကလေး အတွင်းခံလေးတွေ စားစရာမုန့်တွေ တနပ်စာအလှူနဲ့ ပျိုမေ အမျိုးသမီးလစဉ်သုံးပစ္စည်းလေးတွေလှူခဲ့ပါတယ်..။

အလှူမှာပါဝင်လှူဒါန်းကြတဲ့ သူငယ်ချင်းများ Yee Lay Su Hlaing Min Han George Kyaw Zin Thant တို့ကိုလည်းကျေးဇူးတင်ပါတယ်ရှင့်..” ဆိုပြီး ရေးသားမျှဝေထားတာ ဖြစ်ပါတယ်..။

ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးချောလေး မအေးသောင်းကတော့ လှူဒါန်းမှုများကို မကြာခဏပြုလုပ်လေ့ရှိပြီး သူမရဲ့ Facebook မှာ မြန်မာဆန်တဲ့ သူမရဲ့ပုံရိပ်လေးတွေကို အမြဲလိုလိုတင်တတ်တာလည်း တွေ့ရပါတယ်..။

အသက်သုံးဆယ်ကျော်အရွယ်မှ အနုပညာလောက ထဲ ပြန်လည်ဝင်ရောက်ခဲ့ပြီး တည်ငြိမ် ရင့်ကျက်တဲ့ အလှတရားတစ်ခုနဲ့ ပရိတ်သတ်တွေရဲ့ စိတ်နှလုံးကို အပြည့်အဝဖမ်းစားနိုင်ခဲ့သူလေးလည်း ဖြစ်ပါတယ်..။

ကျက်သရေရှိလှတဲ့ အလှတရားတစ်ခုကိုပိုင်ဆိုင်ထားသူမို့ သူမရဲ့ အနုပညာလောကထဲကို ပြန်လည်ခြေချခဲ့တဲ့ခရီးမှာ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုလည်း အပြည့်အဝအခိုင်အမာရရှိပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။

Source - အေးသောင်း fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။