ရန်ကုန်ယူနိုက်တက်နောက်ခံလူဇော်မင်းထွန်းရဲ့အနာဂတ်

ဟာမရေမရာဖြစ်နေပါတယ်။ရန်ကုန်အသင်းရဲ့အဓိကနောက်

ခံလူတစ်ဦးဖြစ်ပေမယ့်ထိုင်းကိုပြောင်းရွှေ ့သွားတဲ့ရန်ကုန်

အသင်းဖော်ကျော်ကိုကိုရဲ့ခြေရာနောက်လိုက်ဖို့သူ့အနေနဲ့

ဆန္ဒပြင်းပြနေပါတယ်။ရန်ကုန်အသင်းနဲ့စာချုပ်သက်တမ်း

တစ်နှစ်ကျန်ရှိနေသေးပေမယ့်ဇော်မင်းထွန်းဟာရန်ကုန်

အသင်းကိုဒီနှစ်ဘောလုံးရာသီမှာစွန့်ခွာဖို့ဆုံးဖြတ်ခဲ့ပါတယ်။

ရန်ကုန်အသင်းဟာလည်းကစားသမားမှတ်ပုံတင်စာရင်း

ကနေသူ့ကိုချန်လှပ်ထားခဲ့ပါတယ်။

အစကထိုင်းပရီးမီးယားလိဂ်ကလပ်ဆူဖန်ဘူရီနဲ့အပြောင်း

အရွှေ ့ဖြစ်လုနီးပါးဖြစ်ခဲ့ပေမယ့်အခြေအနေတွေကထင်သလို

ုဖြစ်မလာခဲ့ပါဘူး။ဇော်မင်းထွန်းအပြောင်းအရွှေ ့ကိုအဓိက

ဆောင်ရွက်နေတဲ့အေးဂျင့်ဒရာဂန်နဲ့ဇော်မင်းထွန်းမကြာ

သေးခင်ကမှလမ်းခွဲခဲ့တယ်လို့သိရပါတယ်။ဆူဖန်ဘူရီ

နဲ့အပြောင်းအရွှေ ့ဟာလည်းလုပ်ခလစာညိုနှိုင်း

မှုအဆင်မပြေတာကြောင့်အခုထိအရာထင်လာခြင်းမရှိသေး

ပါဘူး။ဒါပေမယ့်တခြားသောထိုင်းကလပ်အသင်းတွေဟာ

ဇော်မင်းထွန်းကိုစိတ်ဝင်စားမှုတွေရှိနေတာကြောင့်

ဇော်မင်းထွန်းရဲ့ထိုင်းအပြောင်းအရွှေ ့ဟာဖြစ်လာဖို့ရှိနေပါသေးတယ်။

နေရှင်နယ်လိဂ်ကလပ်ရန်ကုန်ယူနိုက်တက်ဟာဒီနှစ်ဘောလုံး

ရာသီအတွက်MNLနဲ့AFC Cupကစားသမားမှတ်ပုံတင်စာရင်းမှာဇော်မင်းထွန်းကိုချန်လှပ်ခဲ့ပါတယ်။

အကယ်၍သာဇော်မင်းထွန်းအနေနဲ့ထိုင်းကိုမပြောင်းဖြစ်ခဲ့ဘူးဆိုရင်ရာသီဝက်လောက်ငုပ်တုပ်မေ့သွားတဲ့အနေအထားမျိုးပါ။

သူ့အနေနဲထိုင်းကိုကိုယ်တိုင်သွားရောက်ပြီးထိုင်းကလပ်တွေ

နဲ့ညိုနှိုင်းမယ်လို့သိရပြီးရန်ကုန်အသင်းတာဝန်ရှိသူတစ်ဦးကတော့ဇော်မင်းထွန်းရဲ့အပြောင်းအရွှေ့ဟာဒီရက်ပိုင်းအတွင်း

ုဖစ်ပေါ်လာမယ်လိို့ဆိုပါတယ်။ဇော်မင်းထွန်းထိုင်းမှာသွား

ကစားဖြစ်မလားမြန်မာနေရှင်နယ်လိဂ်မှာရာသီဝက်လောက်နားသွားရမလားဆိုတာတော့..

Source-YGN UTD

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။