တရုတ်အစိုးရဟာHip-Hopတေးဂီတနဲ့ပတ်သက်ပြီးအမြင်

ကြည်မှုမရှိပါဘူး။တရုတ်အစိုးရပိုင်ဆိုင်တဲ့ရေဒီယို၊ရုပ်ရှင်၊သတင်းစာ၊ရုပ်မြင်သံကြားချန်နယ်တွေမှာHip-Hop

နဲ့ပတ်သက်တဲ့အရာမှန်သမျှကိုပိတ်ပင်သွားမယ်လို့ကြေညာ

ခဲ့ပါတယ်။တရုတ်အစိုးရရဲ့အကြောင်းပြချက်ဟာ

ရပ်ပါတွေရဲ့တက်တူးတွေ၊လျော်ကန်မှုမရှိတဲ့အပြုအမူတွေဟာ

တရုတ်ယဉ်ကျေးမှုနဲ့ကိုက်ညီမှုမရှိဘူးလို့ဆိုပါတယ်။တရုတ်အစိုးရရဲ့ပိတ်ပင်မှုအပေါ်Hip-Hopအပေါ်ရူးသွပ်

ကြတဲ့တရုတ်လူငယ်တွေမကျေမနပ်ဖြစ်နေကြတယ်လို့

သိရပါတယ်။ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာတော့

ဆက်လက်စောင့်ကြည့်ကြရမှာပါ။

တရုတ်အစိုးရရဲ့အဆိုပါပိတ်ပင်မှုဖြစ်စဉ်ဟာတရုတ်TV

အစီအစဉ်တစ်ခုဖြစ်တဲ့"Singer"ဆိုတဲ့ပရိုဂရမ်အပိတ်ခံရပြီး

နောက်စတင်ရိုက်ခတ်လာတဲ့ဂယက်တွေလို့ဆိုကြပါတယ်။

တရုတ်အဆိုတော်ရပ်ပါGAIရဲ့အဆိုပါအစီအစဉ်ဟာအမေရိကန်အိုင်ဒေါလိုမျိုးအဆိုပြိုင်ပွဲတစ်ခုဖြစ်ပြီးစီစဉ်သူက

ရပ်ပါဖြစ်နေတဲ့အတွက်Hip-Hopသီချင်းတွေနဲ့ပြိုင်ဆိုင်မှု

ပြင်းထန်နေတတ်တဲ့ပြိုင်ပွဲတစ်ခုပေါ့။တရုတ်ပြည်မှာဒီလို

အပိတ်ခံရတာဟာအထူးအဆန်းတော့မဟုတ်ပါဘူး။

မကြာသေးခင်ကရပ်ပါအဆိုတော်PG Oneဟာသူ့ရဲ့သီချင်း

တစ်ပုဒ်နဲ့ပတ်သက်ပြီးလူထုကိုတောင်းပန်ပွဲပြုလုပ်ခဲ့ရပါတယ်။

PG Oneရဲ့သီချင်းဟာမိန်းမသားတွေကိုစော်ကားသလိုဖြစ်ပြီး

မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေကိုပရိုမိုးရှင်းလုပ်ပေးသလို

ပဲဖြစ်နေလို့လို့စွပ်စွဲခံခဲ့ရပါတယ်။UG ရပ်ပါတစ်ယောက်ဖြစ်တဲ့

Triple Hဟာလည်းအလားတူစွပ်စွဲချက်တွေကိုမကြာသေး

ခင်ကစွပ်စွဲခံရပြီးသူ့ရဲ့သီချင်းတွေလည်းပိတ်ပင်ခံခဲ့ရပါသေး

တယ်။ခင်ဗျားတို့ဟာHip Hopကိုကြိုက်တယ်ဆိုရင်တော့

တရုတ်ပြည်မှာမမွေးခဲ့တာကံကောင်းတယ်လို့ဆိုရမှာပါ။

Source -Xinhwa News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။