တက်သစ်စသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ရွှေပိုးအိမ်တစ်ယောက် သူမရဲ့ချစ်စဖွယ် ပုံရိပ် လေးတွေကို ရိုက်ကူးပြီး Facebook ပေါ်တင်ထားတာပဲဖြစ်ပါတယ်။ မနေ့ကလည်း ငုဝါပန်း လေး တွေလေပန်ကာ အင်္ကျ ီပန်းရောင် ထမီးပန်းရောင်၊ ပန်းရောင်ဝမ်းဆက် လေးကို ဝတ်ဆင်ကာ လာမယ့်သင်္ကြန်အတွက် ဇာတ်ကားရိုက်ကူးနေတာပဲဖြစ်ပါတယ်။ သဘာဝ ကျကျသ ရုပ်ဆောင်နိုင်ပြီး သွက်လက်တဲ့သူမရဲ့ ပုံစံလေးကြောင့် ပရိတ်သတ်တွေက ချစ်ခင်အားပေး နေတာပဲ ဖြစ်ပါတယ်။ သူမကိုအားပေးတဲ့ ပရိတ်သတ်တွေ ကလည်း အခိုင် အမာရှိနေပြီ ဖြစ် ပြီး အောင်မြင်မှုလမ်းကြောင်းပေါ်ကို သူမက ရောက်ရှိနေပြီပဲ ဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ 2017 တုန်းက နာမည်ကျော်အဆိုတော်တစ်ဦးရဲ့ ခင်ပွန်းဖြစ်သူနဲ့ သူမကိုစွပ်စွဲပြောဆို မှုတွေရှိခဲ့တာကြောင့် ပရိတ်သတ်တွေရဲ့ အထင်မြင်လွဲမှုကို ခံခဲ့ရပြီး ရိုင်းစိုင်းစွာပြောဆို ပုတ် ခတ်ခြင်းကိုလည်း ခံခဲ့ရပါသေးတယ်။ တက်သစ်စတစ်ဦးဖြစ်တာကြောင့် သူမနဲ့တွဲဖက် ရိုက်ကူးဖို့ကိုလည်း ငြင်းဆန်ခဲ့ပါသေးတယ်။ ဒီကိစ္စနဲ့ပက်သက်ပြီး သူမကစိတ်မကောင်း ဖြစ်ကြောင်း Live လွှင့်ပြီး ပရိတ်သတ်တွေကိုရင်ဖွင့်ကာ ငိုခဲ့ပါသေးတယ်။ 2017 မှာ စိတ် ညစ် စရာကိစ္စတွေကြုံခဲ့ရပေမယ့် လက်ရှိမှာတော့ သူမက အောင်မြင်စပြုနေပြီဖြစ်တဲ့ အနု ပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေပြီပဲဖြစ်ပါတယ်။

သူမရဲ့ပုံရိပ်လေးတွေနဲ့အတူ ယူရယ်ချစ်ရင်မရစ်ပါနဲ့ဆိုပြီး ခပ်နွဲ့နွဲ့စာလေးတင်ထားတာပဲ ဖြစ်ပါတယ်။ မကြာခင်မှာသင်္ကြန်ကျတော့မယ်ဆိုတော့ သင်္ကြန်ဇာတ်ကားလေတွေ ဝေဝေဆာဆာထွက်ပေါ်လာ တော့မှာဖြစ်ပြီး ရွှေပိုးရဲ့ဇာတ်ကားလေးကလည်း ဘယ်လိုပုံစံ လေးနဲ့ ပရိတ်သတ်တွေဆီ ရောက်လာမလဲဆိုတာ တကယ့်ကိုစိတ်ဝင်စားစရာပါပဲ ပရိတ် သတ်ကြီးရေ။ ချစ်စရာကောင်းတဲ့ ရွှေပိုးအိမ်လေးရဲ့ သင်္ကြန်မယ်ပုံစံလေးကို ပရိတ်သတ် ကြီးအတွက် တင်ဆက် ပေးလိုက်ပါတယ်နော်။

Photo – Shwe Poe Eain’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။