မိတ်ကပ်က လူတစ်ယောက်ရဲ့အသွင်အပြင်ကိုများစွာပြောင်းလဲစေပါတယ်။ ဒါပေမယ့် လိမ်းခြယ်လိုက်တဲ့မိတ်ကပ်ဟာ လက်ရှိရုပ်ရည်ကို ပိုမိုရင့်ရော်သွားစေမယ်ဆိုရင်တော့ ဒီလိမ်းခြယ်မှုကို ပြောင်းလဲဖို့ လိုအပ်နေပါပြီ။ သတိမထားမိလို့လုပ်နေမိတယ်ဆိုရင်လည်း အခုစပြီး သတိထားပြီး ပြင်ဆင်ကြည့်ရအောင်နော် ။

(၁) မိတ်ကပ်ဖောင်ဒေးရှင်း

အသားရောင်ထက် တစ်ဆင့်ရင့်တဲ့အရောင်ကို ရွေးချယ်ရမှာပါ။ လိမ်းတဲ့အခါမှာ T စုံလို့ခေါ်တဲ့ နဖူး၊ နှာခေါင်းတို့ကိုအရင်လိမ်းပြီးမှ ကျန်တဲ့နေရာတွေကို ခပ်ပါးပါးလိုက်ဖြည့်ရမှာပါ။

(၂) မျက်ခုံးမွှေး

အခုနောက်ပိုင်းမှာတော့ မျက်ခုံးမွှေးထူထူက ပိုပြီးခေတ်စားလာပါတယ်။ ဒါပေမယ့်လည်း ထူထဲလွန်းရင်လည်း မျက်နှာကိုရင့်စေကာ အသက်ကြီးတဲ့သွင်ပြင်ကို ပေါ်လွင်စေပါတယ်။

(၃) ပန်းနှရောင်

ပန်းနုရောင်နှုတ်ခမ်းနီပဲ ဖြစ်ဖြစ်၊ ပန်းနှရောင်ပါးနီလေးပဲ ဖြစ်ဖြစ် ခြယ်သပေးရပါမယ်။ ပါးရိုးချတာတွေက ကြည့်ကောင်းစေပေမယ့်လည်း အလွန်အမင်းခြယ်သမယ်ဆိုရင်တော့ အညှိရောင်သုံးရတာကြောင့် ပြင်ဆင်မှုကိုပြောင်းလဲစေပါတယ်။

(၄) မျက်တောင်မွှေး

မျက်ဝန်းလေးဝိုင်းစက်ကာလှပနေစေဖို့အတွက် မျက်တောင်မွှေးကို ထူထဲအောင်ထားပါ။

(၅) ဆံပင်

ဆံပင်ကိုအုံထူအောင်ထားပါ။ ဦးရေပြားနဲ့ ကပ်နေတဲ့ ဆံပင်ပုံစံက အသက်အရွယ်အပေါ် အများကြီးစကားပြောပါတယ်။

နောက်နေ့တွေမိတ်ကပ်ပြင်တဲ့အခါ ဒီနည်းလမ်းလေးတွေကို စမ်းကြည့်လိုက်နော်။

အချိန်တိုင်း နုပျိုကာသွက်လပ်နေတဲ့ပုံစံလေးကို ဖန်တီးကာ အပြောင်းအလဲလေး တစ်ခုလုပ်ကြည့်လိုက်ပါ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။