ပရိသတ်တွေရဲ့ အချစ်တော် ဆယ်လီစုံတွဲလေးဖြစ်ကြတဲ့ သူရိယနဲ့ ဆုအိမ့်စံတို့ စုံတွဲလေးကတော့ မင်္ဂလာပွဲလေးတစ်ခုမှာ ကြည်နူးပျော်ရွှင်နေကြတာ တွေ့ရပါတယ်..။

လိုက်ဖက်ညီပြီး တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်နဲ့ ချစ်ကြတဲ့ သူတို့ စုံတွဲလေးကတော့ ပရိသတ်တွေ အားကျရတဲ့ အနုပညာရှင် ဆယ်လီစုံတွဲလေးတွေထဲက တစ်တွဲပါပဲ..။

အခုတစ်ခါမှာလည်း လိုက်ဖက်ညီလွန်းလှတဲ့ သူတို့ စုံတွဲလေးကတော့ မိတ်ဆွေသူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာပွဲတစ်ခုမှာ သတို့သမီး သတို့သားအရံအဖြစ် ပါဝင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်..။

မင်္ဂလာပွဲလေးမှာ သတို့သား သတို့သမီးအရံအဖြစ် ပါဝင်ကူညီပေးခဲ့တဲ့ ပုံရိပ်လေးတွေကို မင်းသမီးချောလေး ဆုအိမ့်စံက သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

သူမအနေနဲ့ ပထမဆုံး သတို့သမီးအရံအဖြစ် ပါဝင်ကူညီပေးခဲ့တဲ့အကြောင်းလေးကိုလည်း ပြောပြထားပြီး သတို့သား သတို့သမီးတို့ကိုလည်း မင်္ဂလာဆုတောင်းစကားလေးလည်း ပြောပေးထားပါသေးတယ်..။

“" Simon & Phwe "မင်္ဂလာဆောင်မှာ သတို့သား သတို့သမီး အရံ အနေနဲ့ ပါဝင်ကူညီဖြစ်တာပါ ... ဆုဆု ပထမဦးဆုံးသတို့သမီးအရံ ပါဝင်ဖြစ်တာပေါ့.. ညမှတယောက်ထဲပုံတင်တော့မယ်.. “ Simon & Phwe “ အိုအောင်မင်းအောင်ပေါင်းနိုင်ပါစေ.. ဆံပင်လေးသေချာလုပ်ပေးတဲ့ အမရာမောင် တို့အဖွဲ့ကို ကျေးဇူးအများကြီးတင်ပါတယ်..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

မင်္ဂလာပွဲတစ်ခုမှာ သတို့သား သတို့သမီးအရံအဖြစ် ပါဝင်ကူညီပေးခဲ့ပြီး ပျော်ရွှင်နေကြတဲ့ သူတို့နှစ်ဦးရဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကိုကြည်နူးစရာပါပဲ ပရိတ်သတ်ကြီးရေ..။

ပရိသတ်တွေ အားပေးချစ်ခင်ရတဲ့ သူတို့စုံတွဲလေးကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ(၂၂)ရက်နေ့မှာ ချစ်သူသက်တမ်း တစ်နှစ်ပြည့်သွားခဲ့ကြတာဖြစ်ပြီး နှစ်ပတ်လည်နေ့လေးကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပြီး နှစ်ယောက်အတူ အလှူလေးလည်း ပြုလုပ်ခဲ့ပါသေးတယ်..။

ပရိသတ်တွေရဲ့ အချစ်တော် သူတို့စုံတွဲလေးကတော့ စိတ်တူကိုယ်တူနဲ့ ဝါသနာတူပြီး အနုပညာလောကမှာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အသီးသီး အခိုင်အမာရရှိထားတဲ့ ဆယ်လီစုံတွဲလေးလည်း ဖြစ်ပါတယ်..။

သူတို့ ချစ်သူနှစ်ယောက်လုံးကတော့ အခမ်းအနားပွဲတော်တော်များများကိုလည်း နှစ်ယောက်အတူ တတ်ရောက်ကြပြီး လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေကို အဆက်မပြတ်လုပ်ဆောင်နေကာ ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေတယ်လို့ သိရပါတယ်..။

Source - ဆုအိမ့်စံ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။