ပြည်သူ့အချစ်တော် မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ဘန်ကောက်မှာ လျှောက်လည်ရင်းပျော်နေပါတယ်..။

စိုးပြည့်ကတော့ ထိုင်းနိုင်ငံဘန်ကောက်ကို ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကတည်းက သူငယ်ချင်းတွေနဲ့ ရောက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်..။

ဘန်ကောက်မှာ လျှောက်လည်နေတဲ့ သူမရဲ့ ပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကိုလည်း သူမရဲ့ ကဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

သူငယ်ချင်းတွေနဲ့ အတူတူသွားရတဲ့ ပထမဆုံးဘန်ကောက်ခရီးစဉ်လေးဖြစ်လို့ အရမ်းပျော်နေတဲ့ အကြောင်းလေးကိုလည်း စိုးပြည့်က ပြောပြထားတာ တွေ့ရပါတယ်..။

ပုံလေးတွေလည်း ခဏခဏ တင်မှာဖြစ်လို့ မျက်စိမနောက်ကြပါနဲ့လို့လည်း သူမက ချစ်စဖွယ် ပြေထားပါသေးတယ်..။

အခုတစ်ခါမှာလည်း “NEON night market ကပုံလေးတွေ..” ဆိုပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ night market မှာ လျှောက်လည်နေတဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်..။

သူမရဲ့ ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်မှုတွေနဲ့အတူ “မိုးညအိမ်မက်မြူ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ (၂၀၀၉)ခုနှစ်မှာ အကယ်ဒမီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်..။

အခုတစ်ခေါက်မှာတော့ ခရီးတွေ ထွက်နေရင်း ပျော်ရွှင်နေတဲ့ မင်းသမီးချောလေး စိုးပြည့်ရဲ့ ချစ်စရာကောင်းတဲ့ ခရီးသွားပုံရိပ်လေးတွေကို ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေလိုက်ပါတယ်နော်..။

Source - စိုးပြည့် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။