တကယ့်ကို စျေးကြီးပြီး အံ့သြစရာ ကောင်းတယ်လို့ ထင်မိတာတော့ အသေအချာပါပဲ။ ဒီပေါင်မုန့်ကွင်းက အမေရိကန် ဒေါ်လာ တစ်ထောင် (US $ 1000) ပေးရတဲ့ ပေါင်မုန့်ကွင်းပဲ ဖြစ်ပါတယ်။ ဒီပေါင်မုန့်ကွင်းကိုတော့ နယူးယောက်မြို့ရဲ့ “The New York City Hotel” မှာ ၂၀၁၇ခုနှစ် နို၀င်ဘာလ တစ်ရက်နေ့မှ စတင်ပြီး ရောင်းချခဲ့တာပဲ ဖြစ်ပါတယ်။ ဖော်ပြပါ ပေါင်မုန့်ကို မှာယူစားသုံးတဲ့အခါ အခွန်အခ တန်ဖိုးများ ပါ၀င်ပြီးသားမို့ အမေရိကန် ဒေါ်လာ တစ်ထောင် (US $ 1000) မှလွဲ၍ ထပ်မံ ကုန်ကျခြင်း မရှိတော့ပါဘူး။

ဒီပေါင်မုန့်ကွင်းကိုတော့ အရသာ ရှိလှသော ချောကလက် ချိစ် ၊ အစားအသောက်တွေမှာ အသုံးပြုတဲ့ စျေးအကြီးဆုံး goji berry-infused Riesling jelly လေးများ နှင့် ရွှေသား အဖတ်လေးများနှင့် တွဲဖက်ပြီး ပုံဖော်ထားတဲ့ မုန့်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီမုန့်ကို စားသုံးဖို့အတွက် အရေအတွက် ကန့်သတ်ထားတာမို့ ဟော်တယ်မှာ တစ်ရက် ကြိုတင်ပြီး order မှာယူရပါတယ်။ တန်ဖိုးကြီး ပေါင်မုန့်ကွင်းကို ဇိမ်ခံ မုန့်တစ်မျိုး အနေနဲ့ ရောင်းချတာ ဖြစ်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ တစ်နှစ်ပတ်လုံး ရောင်းချမှာ ဖြစ်ပါတယ်။ 

ဖော်ပြပါ တန်ဖိုးကြီးလှတဲ့ ပေါင်မုန့်ကွင်းကို ၂၀၀၇ ခုနှစ်လောက်က စတင်ပြီး ရောင်းချခဲ့ပေမယ့် ၁၀ ခုနှစ် နောက်ပိုင်းမှာတော့ စားဖိုမှူးမှ goji berry-infused Riesling jelly လေးများကို ထပ်မံ ဖြည့်စွက်ပြီး ပုံဖော်ခဲ့ပါတယ်။ ပေါင်မုန့်ကွင်း (bagel) က New York မြို့ရဲ့ အမှတ်အသား မုန့် တစ်မျိုး ဖြစ်တာကြောင့် အခုလို ဇိမ်ခံ မုန့် အမျိုးအစားကို ဂုဏ်ယူစွာနဲ့ ဖန်တီးခဲ့ကြတာပဲ ဖြစ်ပါတယ်။

အားလုံးပဲ ဗဟုသုတများ တိုးပွားပြီး အောင်မြင် ပျော်ရွှင်သော နေ့ရက်လေးများကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Google  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။