ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချောလေး ကျော်ထက်ဇော်ကတော့ မိဘမဲ့ကလေးများအတွက် လှူဒါန်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။

ပဲခူးမြို့မှာရှိတဲ့ “သဒ္ဓမ္မဂုဏ်ရည် သီလရှင်သင် ပညာရေးကျောင်း” မှာ သူငယ်ချင်းတွေနဲ့အတူ သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

မိဘမဲ့ကလေးငယ်များအတွက် နေ့လည်စာ၊ မုန့်များနဲ့အတူ J Harvey ဘောပင်များလည်း လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်..။

သွားရောက်လှူဖြစ်ခဲ့တဲ့ အလှူပုံရိပ်လေးတွေကိုလည်း မင်းသားချောလေး ကျော်ထက်ဇော်က သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

သူ့ရဲ့ အဲ့ဒီပို့စ်ရဲ့ အောက်မှာ ပရိသတ်တွေကလည်း သူတို့ရဲ့ အလှူလေးကို သာဓုခေါ်ဆုတောင်းစကားများ ပြောထားကြပြီး နောက်အခါတွေမှာလည်း မင်းသားချောလေး ကျော်ထက်ဇော်နဲ့အတူ လှူဒါန်းမှုများ ပြုလုပ်လိုကြောင်း Comment များမှာ ရေးသားထားကြတာ တွေ့ရပါတယ်..။

မင်းသားချောလေး ကျော်ထက်ဇော်ကတော့ MRTV-4 ကထုတ်လွှင့်ပြသခဲ့တဲ့ “အမုန်းမှသည်” ဇာတ်ကားမှာ စိုင်းနေရောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို သိမ်းပိုက်ထားတာလည်း ဖြစ်ပါတယ်..။

“အမုန်းမှသည်” ဇာတ်ကားနဲ့ သရုပ်ဆောင် အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့ပြီး သူ့ရဲ့ ပထမဆုံး အနုပညာခြေလှမ်းဖြစ်တဲ့ “အမုန်းမှသည်” ဇာတ်ကားမှာပဲ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားတာ တွေ့ရပါတယ်..။

လတ်တလောမှာလည်း အနုပညာအလုပ်တွေကို အဆက်မပြတ်လုပ်ဆောင်နေပြီး ဓာတ်ပုံ၊ မဂ္ဂဇင်း၊ ကြော်ငြာများလည်း ရိုက်ကူးပေးနေကာ ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေတယ်လို့ သိရပါတယ်..။

Source - ကျော်ထက်ဇော် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။