ဆက်ကျော်သက်နှုတ်ခမ်းနီမလေးတွေရဲ့ ရင်ကို လှုပ်ခတ်နေသူကတော့ ချစ်စဖွယ်အပြုံးမျက်နှာလေးနဲ့အမြဲနေတတ်တဲ့ မော်လ်ဒယ်သရုပ်ဆောင် လင်းအောင်ခေတ်ပဲ ဖြစ်ပါတယ်။ သူရဲ့ ဖော်ရွေပွင့်လင်း စွာနေတတ်တဲ့ပုံစံလေးကြောင့် ပရိသတ်အချစ်တော်ကို ခံယူရရှိနေတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ယခုအခါမှာတော့ မကြာခင်ရောက်ရှိလာတော့မယ့် ချစ်သူများနေ့နဲ့ ပက်သက်ပြီး ဘယ်လိုဖြတ်သန်းမလဲဆိုတာ အခုလိုပဲပြောပြထားပါတယ်။

“ ဒီနှစ်ဗယ်လင်တိုင်းကတော့ ထုံးစံအတိုင်းပါပဲ။ ရှေ့နှစ်ကလည်း ကျနော့Fanတွေ ကျနော့ကို လက်ဆောင်လာပေးကြတယ်။ Fanတွေနဲ့ လည်းတွေ့ဆုံကြတပါတယ်။ အခုနှစ်လည်း ဒီအတိုင်း ဖြစ်မယ်ထင်ပါတယ်။ အချစ်ရေးကတော့ အေးအေးဆေးဆေးပါပဲလို့ လည်း ဖြေသွားပါတယ်။ ဆက်လက်ပြီးမော်လ်ဒယ်နဲ့ သရုပ်ဆောင်အနုပညာကွာခြားခြင်းနှင့်ပက်သက်၍လည်း …

“မော်လ်ဒယ်ကျတော့ အမြဲ စမတ်ကျကျနဲ့ သပ်သပ်ရပ်ရပ်နေရပြီး သရုပ်ဆောင်ကျတော့ စကားအပြောအဆို ၊လေယူလေသိမ်း၊မျက်နှာဘေးနဲ့ အိုက်တင်စတာတွေကို အကုန်တိကျ သေချာအောင်လုပ်ရတဲ့အတွက် ပိုခက်ခဲပါတယ်။ ပရိသတ်ကြီးကိုလည်း အားပေးရကျိုးနပ်အောင် ကြိုးစားပါ့မယ်လို့”ဆါုပြီးပြောကြားထားပါတယ်။ သရုပ်ဆောင်မော်လ်ဒယ် လင်းအောင်ခေတ်ဟာ လတ်တလောအနုပညာလှုပ်ရှားတွေ များပြားနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း သရုပ်ဆောင်မော်လ်ဒယ် လင်းအောင်ခေတ်ရဲ့အနုပညာလှုပ်ရှားမှုတွေကို အားပေးကြပါအုန်းနော်။ 

Source : Cele 7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။