ပရိသတ်အချစ်တော် ရဲတိုက်ကတော့ နေကောင်းသွားပြီဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနဲ့အပြင်ကိုလည်ပတ်နေပါပြီ။သူကတော့ လွန်ခဲ့သောရက်သတ္တပတ်လောက်က အစားမှာပြီးဆေးရုံးတတ်ခဲ့ရပါတယ်။ဒါကိုသူရဲ့ပရိသတ်ကလည်းအစိုးရိမ်ကြီးခဲ့ရသလို တဖက်မှာလည်း ကောလဟာလတွေလည်းထွက်လာခဲ့ပါတယ်။

ဒါကို သူကိုယ်တိုင် live လွင့်ပြီးပြန်လည်ဖြေရှင်းခဲ့ပါတယ်။သူဟာ အနုပညာလောကမှ နှစ်အတော်ကြာဝေးကွာခဲ့ပေမဲ့ ပရိသတ်တွေကတော့ ဘယ်တော့မှမေ့မသွားပါဘူး။သဘာဝမင်းသားလို့ပြောရမယ့်ရဲတိုက်ကတော့ အခုချိန်မှာ အနုပညာလှုပ်ရှားမှုများကို ပြန်လည်လုပ်ဆောင်နေပါပြီ။

ဖက်ရှင်ကျကျ ပေါ့ပေါ့ပါးပါးဝတ်ဆင်ပြီး မြစ်ကြီးနားလေဆိပ်ကို ရောက်ရှိနေတယ်ဆိုပြီး ရေးသားထားပါတယ်။ရဲတိုက်ရဲ့ပရိသတ်တွေအတွက် ဓာတ်ပုံလေးတွေမျှဝေပေးလိုက်ပါတယ်။

source - ye thaik

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။