မြောက်အတ္တလန္တိတ်သမုဒ္ဓရာ အတွင်းမှ ဘာမြူဒါ တြိဂံဒေသသည် ယနေ့တိုင်း အံသြမှုများနှင့် ပြည့်နှက်နေသော့ နေရာတစ်ခု အဖြစ်

... တည်ရှိနေဆဲဖြစ်သည်။

သိပ္ပံပညာရှင် အများစုကလည်း ယနေ့တိုင် ၄င်း၏ လျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ် နေဆဲဖြစ်ပါသည််။ သို့သော်၄င်းသည် ပင်လယ်ရေသောက် သကဲ့သို့ပင်။ ပင်လယ်ရေဆိုသည်မှာ သောက်လေ ငတ်လေ ဖြစ်သကဲ့သို့ ဘာမြူဒါ တြိဂံ ကလည်း ရှာဖွေလေ တွေ့ရှိလေဖြစ်နေလေသည်။

ယခုလည်း အံသြဖွယ်ရာတစ်ခုကို ထပ်မံတွေ့ရှိပြန်ပါပြီ။ ဘာမြူဒါ တြိဂံ ဒေသ ပင်လယ်အောက်ကြမ်းပြင် မှာ အီဂျစ်တို့ရဲ့ ပိရမစ် သဏ္ဍာန်တူ ဖန်သား ပိရမစ် တစ်ခုကို တွေ့ရှိခဲ့ပြန်ပါပြီ။ 

အမေရိကန် နဲ့ ပြင်သစ် သိပ္ပံ ပညာရှင်များဦးစီး၍ ပင်လယ်ရေအောက် စူးစမ်းလေ့လာရေးများပြုလုပ်ခဲ့ရာမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါသည််။

၄င်းဖန်သား ပိရမစ်၏ ထုထည်နှင့်ပတ်သတ်၍ စောင်းများ၏ အလျားမှာ 200မီတာ 300မီတာ အသီးသီးရှိကြပြီး၊ အောက်ခြေမှထိပ်ဖျားအထိ အမြင့် 100မီတာ ရှိသည်ဟု သိပ္ပံ ပညာရှင်များက ခန့်မှန်းပြောကြားခဲ့ပါသည်။ ပင်လယ်အောက်ခြေမှာ ရှိသော်ငြားလည်း ၄င်း၏မျက်နှာပြင်များမှာ ချောမွေ့ညီညာမှုရှိ သည်။

၄င်း၏ ပုံပန်းသဏ္ဍာန် မှာ ရှေး အီဂျစ် ဘုရင်များလက်ထက်က ဆောက်လုပ်ခဲ့တဲ့ ပိရမစ်တွေထက် အရွယ်အစားအားဖြင့် ပို၍ကြီးမားပြီး၊ ပိရမစ် ထိပ်၌ အဝကျယ် အပေါက် နှစ်ပေါက်ပါရှိပါသည်။ 

၄င်းတို့အနက် ဒုတိယမြောက် အပေါက်ဝမှ ပင်လယ်ရေများ အရှိန်အဟုန်ဖြင့် ဖြတ်သန်း စီးဆင်းလျှက်ရှိပါသည်။ ၄င်း အရှိန်ဖြင့်စီးဆင်းသော ရေအားက ရေကယက်ကို ဖြစ်ပေါ်စေပါသည်။ ၄င်း ရေကယက်များသည် ပင်လယ်ရေမျက်နှာပြင် အထက်၌ ဆွဲငင်အားကြီးမားသော ဝဲကယက် ကိုဖြစ်ပေါ်စေသော အကြောင်းအရင်း ဖြစ်သည်ဟု သိပ္ပံပညာရှင်များ

ကပြောကြားခဲ့သည်။

အနောက်ဥရောပ တက္ကသိုလ်များမှ ကျောင်းသားအများစု၏ ထင်မြင်ချက်မှာမူ ၄င်းဖန်သားပိရမစ်သည် ကမ္ဘာ အပေါ်ယံ မျက်နှာပြင် တွန့်ခေါက်မှု (သို့) ငလျှင်ကြောင့် တွန့်တတ်လာသော မြေသားအစုသာဖြစ်ကြောင်း ထင်မြင်ချက်များပေးခဲ့ကြသည်။

သိပ္ပံပညာရှင်များကမူ ၄င်းသည် ရှေးနှစ်ပေါင်းများစွာက အတ္တလန္တိတ်မြိုတော်၌ နေထိုင်ခဲ့ကြသည့် ရှေးလူသားများ၏ကျောက်ဆစ် လက်ရာတစ်ခုဖြစ်သည်ဟု ခန့်မှန်းခဲ့ကြသည်။

ရေအောက်မြုတ်သွားခဲ့သည့် အတ္တလန္တိတ် မြို့တော်၏ အပိုင်းအစ တစ်ခုဖြစ်မည်ဟု ခန့်မှန်းခဲ့ကြသည်။ ထိုအပြင် ၄င်းဖန်သားပိရမစ်သည် 2004ခုနှစ် ဝါရှင်တန်၌ ရှာဖွေတွေ့ရှိခဲ့သည့် ရေလူသား(aquatic ape) နှင့်ပတ်သတ်၍ ဆက်နွယ်မှုများရှိနိုင်သည်ဟုု ခန့်မှန်းပြောကြားခဲ့ကြသည်။

၄င်း ဖန်သားပိရမစ်နှင့်ပတ်သတ်ပြီး မသင်္ကာမှုများ မေးခွန်းများ အမြောက်အများပေါ်ပေါက်ခဲ့ပါသည်။

ဘာမြူဒါတြိဂံဒေသအတွင်းဖြစ်ပေါ်နေသော ဆွဲအားများသည် ၄င်း ပိရမစ်နှင့်သက်ဆိုင်မှုရှိရမည်။

energy စက်ကွင်း (သို့)လေဟာနယ်အစုအဝေးတစ်ခုကဲ့သိုဖြစ်နေပြီးနေပြီး black hole ကဲ့သို့ အတ္တလန္တိတ် သမုဒ္ဓရာအတွင်းရှိ power plant ပုံစံလည်းဖြစ်ကောင်းဖြစ်နိုင်သည်။

သို့တည်းမဟုတ် ၄င်းသည် စကြာဝဠာ၏ ဆွဲငင်အားနှင့် သံလိုက်စက်ကွင်း

တို့ကို ဆွဲငင်စုစည်းထားပြီး teleport ကဲ့သို့ နေရာတစ်ခုဖြစ်ပေါ်နေခြင်းလည်း

ဖြစ်နိုင်သည်။

၄င်း ပုံသဏ္ဍန်နှင့်ပတ်သတ်၍လည်း လူသားတို့လက်ရာ ဟုတ်မဟုတ် အငြင်းအခုံများ ဖြစ်နေဆဲဖြစ်သည်။ အီဂျစ်တို့၏ပိရမစ် နှင့်ဆင်တူနေခြင်းက ဤမေးခွန်းပေါင်းများစွာကို ဖြစ်ပေါ်စေပါသည်။

မည်သို့သော မေးခွန်းတွေ ထွက်ပေါ်စေကာမှု သိပ္ပံပညာရှင်များက ဤမေးခွန်းပေါင်းများစွာကို အကောင်းဆုံးဖြေရှင်းနိုင်ရန်အတွက် ကြိုးစားလျက်ရှိပါသည်။

ဒါသည်ပင်လျှင် သိပ္ပံပညာရှင်များ၏ အလုပ်မဟုတ်ပေလော။ ။ 

source - Nay shine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။