သက်ငယ် မဒိမ်းမှုတွေ နေ့စဉ်နှင့် အမျှများပြားလာပြီး တစ်ပတ်ကို တစ်မှုလောက်တွေ့နေရတဲ့ ခေတ်မှာ ဒီလိုမျိုး အပြာကားတွေကို ရောင်းနေတာတော့ ဘဝင်မကျလှပါဘူး။ အပြာကားကြည့်တဲ့ ယောက်ျားလေးတွေကို အပြစ်ပြော၍ မရသော်လည်း ထိုကဲ့သို ၁၃ နှစ်အောက် ကြည့်တာကတော့ သိပ်ပြီး မဟုတ်ဘူးလို့ထင်မိပါတယ်။ လိင်ကိစ္စကို စိတ်ဝင်စားလာတဲ့ အရွယ်မှာ sex education ကို ကောင်းကောင်းမွန်မွန်မသိထားတဲ့ သူတွေအတွက် အဲ့ဒီကိစ္စကို လေ့လာဖို့ များသောအားဖြင့် အပြာကားတွေကို ကြည့်လာကြပါတယ်။

မြန်မာနိုင်ငံရဲ့ လူအဝင်အကြည့်ဆုံး Top Ten ဆိုဒ်တွေထဲမှာ porn တွေကြည့်လို့ရတဲ့ ဆိုဒ်တွေနှင့် ပြည့်နှက်နေပါတယ်။ တကယ်ဆိုရင် အပြာကားတော်တော်များများဟာ သရုပ်ဆောင်နေတာနှင့်တူတူပါဘဲ ပါဝင်တဲ့သူတော်တော်များများဟာ ပိုက်ဆံများများရတဲ့ အတွက် Porn Star ဖြစ်လာကြတဲ့ သူတွေရှိသလို ဝါသနာပါလို့ အသက်မွေးဝမ်းကြောင်းအနေနှင့်ရွေးချယ်လာကြတဲ့ သူတွေလဲဖြစ်ပါတယ်။ သူတို့တွေဟာ တကယ်ဆိုရင် သရုပ်ဆောင်ခြင်းကို တမျိုးတဖုံနှင့်တင်ဆက်ဖျော်ဖြေနေတယ်လို့လဲပြောလို့ရပါတယ်။

ကလေးတွေပါဝင်တဲ့ အပြာကားဟာ နိုင်ငံတကာမှာ ပိုက်ဆံအတော်ရတဲ့အတွက် မိမိကလေးကိုမိမိ rape လုပ်ကာ ဗီဒီယိုရိုက်ထားပြီး ရောင်းစားကြတဲ့သူတွေလဲရှိပါတယ်။ ထိုသို့ child porn တွေကို ကြည့်ခြင်းဟာ နိုင်ငံတကာမှာ တရားမဝင်သလို ကြည့်တဲ့သူတွေကလည်း မသိစိတ်မှာ စူးစမ်းခြင်တဲ့စိတ်တွေလဲဖြစ်ပေါ်လာပြီး သက်ငယ်မုဒိမ်းမှုတွေလည်း တိုးမြင့်လာနိုင်ပါတယ်။ ထို့အပြင် ဖေ့ဘွတ်မှာ မိမိကလေးပုံတင်တဲ့ အခါ ချစ်စရာကောင်းရင် အဲ့ဒီလိုပေ့ချ်တွေက ယူသုံးတာတွေလဲရှိတတ်တဲ့အတွက် သတိထားပြီးတင်ကြပါလို့လဲ သတိပေးချင်ပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။