အီတလီနိုင်ငံက ဗင်းနစ်မြို့ဟာ ကမ္ဘာပေါ်က အလှဆုံးမြို့တွေထဲမှာ တစ်မြို့အပါအဝင်ဖြစ်ပြီး ရေပေါ်မြို့ဖြစ်တာနဲ့အညီ နှစ်စဉ် ကမ္ဘာလှည့်ခရီးသွားပေါင်း သန်းနဲ့ချီလာရောက်လည်ပတ်လေ့ရှိတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက် လကြပ်မှုဖြစ်ပွားပြီးတဲ့နောက်မှာတော့ နာမည်ကျော်ဗင်းနစ်မြို့က ရေမြောင်းတွေဟာ ရေဗလာဖြစ်ခဲ့ရပြီး ဗင်းနစ်ကို အကျည်းတန်စေခဲ့ပါတယ်။ ဒီလိုဖြစ်ရခြင်း အကြောင်းကတော့ ဒီရေနိမ့်ကျမှု ၊ မိုးနည်းပါးမှု နဲ့ Super Blue Blood Moon ဖြစ်စဉ်က လရဲ့ဆွဲငင်မှုတို့နဲ့ သက်ဆိုင်တယ်လို့ ဆိုပါတယ်။

ဗင်းနစ်မှာ ဒီလိုဖြစ်တာဟာ အခုနှစ်မှ မဟုတ်ပဲ ယခုနှစ်မတိုင်မီ ၂နှစ်စလုံးမှာလည်း ရေနည်းပါးခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီအချိန်က ဗင်းနစ်ရဲ့ ပျမ်းမျှရေအနက်ဟာ ၂၈လက်မရှိပြီး ယခုအခါမှာတော့ ၂၃လက်မသာ ကျန်ရှိတော့တဲ့အတွက် ဒီတစ်ခါကတော့ အဆိုးဆုံးလို့ ဆိုရပါလိမ့်မယ်။ဒီလို ဓာတ်ပုံတွေ အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးနောက် ဗင်းနစ်ကို သွားရောက်လည်ပတ်ချင်သူတွေအတွက် စဉ်းစားစရာတွေ ဖြစ်ခဲ့ရပါတယ်။ပုံတွေမှာတော့ ဗင်းနစ်မြို့ရဲ့မြောင်းတစ်ချို့ဟာ ရေမရှိဖြစ်နေပြီး အောက်ခြေမှာ ရွံ့တွေပေါ်နေတာကို မြင်ရမှာဖြစ်ပါတယ်။ ဒီလိုရေနည်းပါးမှုကြောင့် လှေများသွားလာလို့ အဆင်မပြေတော့ပဲ လက်ရှိ ဗင်းနစ်မှာရောက်ရှိနေတဲ့ ခရီးသွားတွေကို အခက်အခဲဖြစ်စေခဲ့ပါတယ်။

၃နှစ်ဆက် ဒီလိုရေခမ်းခြောက်မှု နည်းပါးမှုတွေဖြစ်နေရတာဟာ သဘာဝတရားကြီးက သတိပေးနေတာဖြစ်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။ဒီလိုရေနည်းပါးပြီး လှေတွေသွားလာဖို့ခက်ခဲသွားတာကြောင့် လက်ရှိဗင်းနစ်ကိုလာရောက်လည်ပတ်သူ ၁၇၅၀၀၀ ခန့်ရှိခဲ့ရာကနေ ၅၅၀၀၀ သာ ကျန်တော့တဲ့အထိ ရုတ်တရက် ကျဆင်းသွားခဲ့ပါတယ်။ မှတ်တမ်းတွေအရတော့ ဗင်းနစ်ဟာ ၁၉၃၄ခုနှစ် နောက်ပိုင်းမှာ ရေနည်းပါးမှုဖြစ်စဉ်များစတင်လာခဲ့တာဖြစ်ပြီး ပျမ်းမျှအနက် ၄ပေအောက်ကို စတင်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ဒါပေမယ့် ဒီလိုရေနည်းပါးမှုဟာ ရံဖန်ရံခါသာဖြစ်ပြီး ကျန်တဲ့အချိန်များမှာတော့ ရေအပြည့်ရှိနေတတ်တဲ့ ဗင်းနစ်ဟာ ရေလွှမ်းမှုအခံရနိုင်ဆုံးမြို့တစ်မြို့အဖြစ် ရှိနေဆဲဖြစ်ပါတယ်။ 

Source : သုတဇုန် ( Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။