(၁) Shanghai Maglev

နောက်ဆုံးထုတ်လည်း မဟုတ်ဘူး၊ အလှဆုံး မော်ဒယ်လည်း မဟုတ်ဘူး၊ ဒါပေမယ့် သူက ကမ္ဘာပေါ်မှာ စီးနင်းခ အများဆုံး ရထား၊ပြီးတော့ အမြန်ဆုံး၊ တနာရီ ၂၆၇ မိုင်နှုန်း မောင်းနှင်နိုင်တယ်။ ရှန်ဟိုင်းနိုင်ငံတကာ လေဆိပ်ကနေ လောင်ရန်းကို ခရီးစဉ် ၁၉ မိုင်စာပဲ ပြေးဆွဲနေတဲ့ ရထားပါ။ ဒီခရီးတိုလေးကို စီးနင်းခ ၈ ဒေါ်လာ ကျပါတယ်။ ရထားက အခု ခရီးစဉ်ကို အစ-အဆုံး အချိန် ၇ မိနစ်ပဲ ကြာပါတယ်။ ၂၀၀၄ ခုနှစ်ကတည်းက သုံးနေတဲ့ ရထားလည်း ဖြစ်ပါတယ်။

(၂) Harmony CRH380A

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမှာပဲ သုံးနေတဲ့ နောက်ထပ် ရထားတစီးပါ။ ရှန်ဟိုင်းနဲ့ နန်ကျင်းကို ပြေးဆွဲနေတာပါ။ ၂၀၁၀ ခုနှစ် ကတည်းက သုံးနေတဲ့ ရထားပါ။ ခရီးသည်တင် သီးသန့် မဟုတ်တဲ့ ရထားတွေထဲမှာ အမြန်ဆုံးပါ။ အခု နောက်ပိုင်း ရှန်ဟိုင်းကနေ ဟန်ဇူးနဲ့ ဝူဟန်နယ်တွေကိုပါ ပြေးဆွဲဖို့ သုံးတာ တွေ့ရပါတယ်။ တနာရီ အမြန်ဆုံး ၂၃၆ မိုင်ထိ မောင်းနှင်နိုင်ပါတယ်။

(၃) Trenitalia Frecciarossa 1000

အီတလီမှာ အနီရောင်မြှားလို့ သူ့ကို တင်စားခေါ်ပါတယ်။ ဥရောပမှာ အမြန်ဆုံး ရထားပါ။ ခရီးသည်တင် မော်ဒယ်ပဲ ဖြစ်ပြီး မီလန်မြို့ကနေ ဖလောရင့်စ်နဲ့ ရောမမြို့တွေကို ပြေးဆွဲဖို့ သုံးတာ တွေ့ရပါတယ်။ ၂၀၁၅ ခုနှစ် အတွင်းက Expo 2015 မှာ ထည့်သွင်း မိတ်ဆက်ခဲ့တာ တွေ့ရပြီး ဖန်တီးမှု အထူး အားကောင်းတဲ့ မော်ဒယ်ပါ။ တနာရီ မိုင် ၂၂၀ နှုန်းထိ မောင်းနိုင်ပါတယ်။

(၄) Renfe AVE

အရင်က ဥရောပ အမြန်ဆုံး မော်ဒယ် ဖြစ်ပေမယ့် Trenitalia ပေါ်လာလို့ အခုတော့ စပိန်မှာ အမြန်ဆုံး ရထား အဖြစ် ရှိနေပါတယ်။ Siemens ရဲ့ ထုတ်လုပ်မှုပါ။ စပိန်မြို့ကြီးတွေ အတွက် ခရီးဝေး သွားလာ မောင်းနှင်မှု အတွက် သုံးပါတယ်။ သူက တနာရီ ၂၁၇ မိုင်နှုန်း အမြန်ဆုံး မောင်းနှင်နိုင်ပြီး ဘာစီလိုနာကနေ ပြင်သစ်နိုင်ငံ ပါရီကို ၆ နာရီနဲ့ ရောက်အောင် မောင်းနှင်နိုင်မှာပါ။

(၅) DeutscheBahn ICE

ခရီးသည်တင် ယာဉ်တွေလိုပဲ အဖြူနဲ့ ငွေရောင် ပုံစံ ရောစပ် ဖန်တီးထားမှုက သိသာပေါ်လွင် နေပါတယ်။ ပြီးတော့ ထင်ရှားပေါ်လွင်တဲ့ အနီရောင် လိုင်းစင်းလည်း ပါနေသေးတယ်။ ဂျာမနီမှာ အမြန်ဆုံး ရထားပါ။ Siemens ရဲ့ လက်ရာတခုပါပဲ။ တနာရီ ၂၀၅ မိုင် မောင်းနှင်နိုင်ပြီး အခုတော့ ဂျာမနီမှာပဲ သုံးနေပေမယ့် နောက်တော့ ဂျာမနီနိုင်ငံ၊ ဖရန့်ဖတ်ကနေ အင်္ဂလန်နိုင်ငံ လန်ဒန်ကို ပြေးဆွဲဖို့ စီစဉ်ထားတာ တွေ့ရပါတယ်။

ဧရာဝတီ

Source : Ayarwaddy( Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။