ကိုယ့်ချစ်ရသူနဲ့ ပြောစရာစကားတွေကအများကြီးမို့ အချိန်တောင်မလောက်ဘူးလို့ ထင်ကြတယ် မဟုတ်လား? ဟုတ်ပါတယ် တခြားကိစ္စတွေဖယ်ထားအုံး နှစ်ယောက် အကြောင်းကတင် ပြောမကုန်ဖြစ်နေတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့်လည်း ပြောမကုန်အောင်ဖြစ်နေတဲ့ အကြောင်းတွေထဲမှာ မပြောသင့်တဲ့စကားလေးဆိုတာ ရှိပါတယ်။ ဒီအကြောင်းလေးတွေကတော့..

(၁) မိသားစု

မိန်းခလေးတွေက ယောက်ျားလေးဘက်က မိဘဆွေမျိုးတွေနဲ့ အဆင်မပြေတာတွေ ရှိတက်ပါတယ်။ ဒါပေမယ့်လည်း ကိုယ်သဘောမကျတာကို အချိန်တိုင်းထုတ်ပြောပြီး မကောင်းမြင်နေမယ်ဆိုရင်တော့ ဆက်ဆံရေးတွေ အမြင်တွေပြောင်းလဲသွားနိုင်ပါတယ်။

(၂) အတင်းပြောလွန်းတာ

မိန်းခလေးပဲလေ စပ်စပ်စုစုတော့လုပ်မှာပေါ့လေ နော် ။ဒါပေမယ့်လည်း မကြာခဏဆိုသလို တစ်ပါးသူရဲ့အကြောင်းကို စပ်စုလွန်းပြီး သူ့အကြောင်းတွေကို ချစ်သူကိုပြောပြောနေမယ် ဆိုရင်တော့ ဆူခံရတော့မှာနော် ။

(၃) အရင်ရည်းစားအကြောင်း

ဓာတ်ပြားဟောင်းအကြောင်းတွေကို ခဏခဏဖွင့်ပြောတာမျိုးဟာ ကိုယ့်အတွက်လည်း မကောင်း သလို သူအတွက်လည်း ခံစားချက်က ကောင်းမွန်စေမှာ မဟုတ်ပါဘူး ။


(၄) ငွေရေးကြေးရေး

တွေ့တဲ့အချိန်တိုင်း ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး မကြာခဏငြီးငြူတာမျိုးတွေနဲ့ တူတူသုံး လိုက်တဲ့ ပိုက်ဆံတွေကို အကြွေးတစ်ခုလိုမှတ်ထားတာမျိုး မလုပ်ရဘူးနော်။

(၅) အတွင်းသတင်း

မိန်းခလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပြောင်းလဲနေမှုများကို ချစ်သူကိုတလုံးမကျန ်ပြောပြနေတာမျိုးကိုရှောင်ကြဉ်လိုက်ပါ ပျိုပျိုမေတို့ရေ ။

ဒီအချက်ကလေးတွေကို ရှောင်ရှားကြမယ်နော် ။

Photo – Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။