ကမ္ဘာလှည့်ခရီးသည် (၃၂၉) ဦး၊သင်္ဘောဝန်ထမ်းများ (၁၉၃) ဦးလိုက်ပါ လာသော ဂျပန်နိုင်ငံအခြေစိုက် ကမ္ဘာလှည့်ခရီးသည်တင်အပျော်စီးသင်္ဘော Pacific Venus Cruise သည် ဖေဖော်ဝါရီ ၃ ရက်တွင် ရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာ သီလဝါ ဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်နှင့်ခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံ ၊ ကိုလံဘိုဆိပ်ကမ်းကတစ်ဆင့် ရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။ 

အဆိုပါ Pacific Venus Cruise သင်္ဘောပေါ်တွင် ဂျပန်ခရီးသွား ဧည့်သည် (၃၂၅) ဦး၊ ကိုရီးယားလူမျိုး (၂) ဦး ၊ ဗြိတိန် (၁) ဦး နှင့် မြန်မာ လူမျိုး (၁) ဦး အပါအဝင် စုစုပေါင်းကမ္ဘာလှည့်ခရီးသည် (၃၂၉) ဦး လိုက်ပါ လာပြီး ခရီးစဉ်မှာ(၃) ရက် ကြာမြင့်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ သင်္ဘောပေါ်မှာတော့ ကမ္ဘာကျော်စားဖိုမှုးတို့ရဲ့ အစားသောက်လက်ရာများ၊ တေးဂီတဖျော်ဖြေမှုများ အစရှိတဲ့စိတ်အပန်းဖြေစရာအစီစဉ်တွေပါဝင်ပါတယ်။ ယခုလိုနိုင်ငံပေါင်းစုံမှ လူမျိုးများစွာပါဝင်သော သင်္ဘောကြီးဟာ တကယ်ကိုခမ်းနားထည်ဝါလှပါတယ်။

သင်္ဘောပေါ်ပါလာသော ဧည့်သည်များအနေဖြင့် (၃.၂.၂၀၁၈) ရက်မှ (၅.၂.၂၀၁၈) ရက်အထိ ရန်ကုန်မြို့တွင်း၊ပုဂံ /ညောင်ဦး တို့ကိုသွားရောက် လည်ပတ်မည်ဖြစ်ပြီး (၅.၂.၂၀၁၈) ရက်တွင်သီလဝါ ဆိပ်ကမ်းမှ မလေးရှားနိုင်ငံ၊ ပီနန်ဆိပ်ကမ်းသို့ ပြန်လည်ထွက်ခွာ မည်ဖြစ်ကြောင်း သိရသည်။ ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် မြန်မာနိုင်ငံရောက်ခိုက်မှာ ပျော်ရွှင်တန်ဖိုးရှိသောအချိန်တွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

source - Ministry of Hotels and Tourism 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။