နှုတ်ခမ်းနီမလေးတွေအသဲစွဲ အဆိုတော်ရွှေထူးဟာ သီချင်းလေးတွေရေးစပ်သီဆိုရတာ ၀ါသနာပါရုံသာမက တက်တူးထိုးခြင်းကလည်း သူ့အတွက် ခရေဇီဖြစ်တဲ့အရာတစ်ခုပါပဲ။

ဂီတလမ်းကြောင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာပါ ရုပ်ရှင်ကားတွေနဲ့ ကြော်ငြာတွေရိုက်ကူးနေရတဲ့ ရွှေထူးကတော့ အနယ်နယ်ရပ်ရပ်က ပရိသတ်အားပေးမှုများစွာရရှိထားပါတယ်။

ဒီတစ်ခေါက်မှာတော့ တက်တူးခရေဇီဖြစ်တဲ့ အဆိုတော်ရွှေထူးတစ်ယောက် သူ့ရဲ့ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ တက်တူးအသစ်တစ်ခု ထပ်မံထိုးဖြစ်တဲ့အကြောင်းကို အင်စတာဂရမ်အကောင့်မှာ ပုံလေးတစ်ပုံတင်ပြီး မျှဝေထားပါတယ်။တက်တူးခုံပေါ်မှာ လှဲပြီး နံကြားမှာ တက်တူးအထိုးခံနေတဲ့ ပုံရိပ်ကို မနေ့ညက တင်ထားခဲ့တာပါ။

ယနေ့ခေတ်လူငယ်တွေနဲ့ ထပ်တူကျနေတဲ့ ကိုယ်ပိုင်သံစဉ်တေးသီချင်းလေးတွေရေးစပ်သီဆိုခဲ့တာကြောင့် လက်ရှိအချိန်မှာ ပရိသတ်အခိုင်အမာရရှိထားတဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။

ရွှေထူး တစ်ယောက် လက်ရှိထိုးထားတဲ့ တက်တူးတွေနဲ့အထာကျနေတာမို့ နောက်ထပ်ဘယ်လိုတက်တူးဒီဇိုင်းသစ်တွေနဲ့ လန်းဦးမလဲဆိုတာကိုတော့ ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။

ရွှေရွှေ ရဲ့ တက်တူးအသစ်ကို ဘယ်သူတွေစိတ်ဝင်စားလဲ ပြောခဲ့ပါဦး။ သူ့ရဲ့ဘယ်သီချင်းလေးတွေက ခံစားချက်နဲ့ထပ်တူကျနေလဲ ပရိသတ်ကြီးရေ။. 

Source :Htoo Khant fb and Instagram 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။