မိတ်ကပ်လောကအတွင်းက ပညာရှင်တစ်ဦးဖြစ်တဲ့ ဆူးကတော့ ပရိတ်သတ်တွေနဲ့ ရင်းနှင်းပြီးသားဖြစ်မယ်လို့ထင်ပါတယ်။ မိတ်ကပ်ဆူးကတော့ မိတ်ကပ်ပြင်ဆင်ခြယ်သတဲ့နေရာမှာ ကျွမ်းကျင်လှတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ သူမရဲ့မိတ်သတ်ပြင်ဆင်ခြယ်သမှုကိုရော ပရိတ်သတ်တွေကြိုက်နှစ်သက်ကြရဲ့လား။

သူမကတော့ မကြားသေခင်အချိန်လေးတုန်းက မိတ်ကပ် ညီညီမောင်နှင့်အတူ bella ကထုတ်တဲ့ပစ္စည်းလေးတွေနဲ့ မိတ်ကပ်ပြင်ဆင်ခြယ်သတဲ့ video လေးတစ်ခုရိုက်ကူးထားတာပဲဖြစ်ပါတယ်။ထို video လေးကိုကြည့်ပြီးသွားတဲ့လူတွေအနေနဲ့လဲ ကြိုက်နှစ်သက်ကြမယ်လို့ထင်ပါတယ်။သို့ပေမယ့် မိတ်ကပ်ဆူးအနေနဲ့ bella cosmetic လေးတွေကို ကြော်ငြာပေးမှူနဲ့ပတ်သတ်ပြီး ခြိမ်းခြောက်မှူတစ်ခုနဲ့ ကြုံ့တွေ့ခဲ့ရပါတယ်။

သူမခြိမ်းခြောက်ခံခဲ့ရတာကတော့ messanger ကနေ Zaw Min Htet ဆိုတဲ့နာမည်နဲ့အကောင့်တစ်ခုက “မင်းနဲ့ညီညီမောင်သတိထားပြီးနေတော့ သွေးထွက်သံရိုမဖြစ်ချင်ရင် bella ကြော်ငြာတာကိုရပ်လိုက်ပါ “ဆိုပြီးခြိမ်းခြောက်ခံခဲ့ရတာဖြစ်ပါတယ်။ သူမအနေနဲ့ ထိုခြိမ်းခြောက်မှုကို ကြောက်လန့်မှုမရှိဘူးလို့လဲသိရပါတယ်။ ပရိတ်သတ်တွေအတွက်ဒီသတင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

source - Aung Thet Moe ( make up - sue )

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။