ပရိတ်သတ်ကြီးရေ အနုပညာလောကထဲက အဆိုတော် နိုင်းဝမ်းကတော့ ပရိတ်သတ်ကြိုက်တဲ့တေးသံရှင်တစ်ဦးဖြစ်မယ်လို့ထင်ပါတယ်။သူကတော့ ခံစားချက်အသက်ဝင်လှတဲ့ rap သီချင်းတွေကို ဖန်တီးသီဆိုရာမှာလဲကောင်းမွန်တဲ့အဆိုတော်တစ်ဦးဖြစ်ပာတယ်။သူဖန်တီးသီဆိုခဲ့တဲ့ သီချင်းတွေကိုရော ပရိတ်သတ်တွေကြိုက်နှစ်သက်ကြရဲ့လား။

နိုင်းဝမ်းကတော့အလှူအတန်းတွေလဲ မကြာခနလုပ်ဖြစ်ပြီး ခရီးထွက်အမြဲထွက်နေတတ်တဲ့အနုပညာ ရှင်တစ်ဦးလည်းဖြစ်ပါတယ်။ခရီးသွားရင်းပျော်ရွှင်နေတတ်တဲ့ နိုင်းဝမ်းရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိတ်သတ်တွေ မကြာခနမြင်တွေ့နေရတာပဲဖြစ်ပါတယ်။အလှူအတန်းပရဟိတတွေမှာလဲ အမြဲပါဝင်ကူညီခဲ့တာကြောင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ကပေးတဲ့ ဂုဏ်ပြုမှတ်တမ်းလွှာကိုလဲ ရရှိပိုင်ဆိုင်ထားတဲ့ တေးသံရှင်တစ်ဦးလည်းဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ညမှာလဲ အမေရိကန်နိုက်ငံသံအမတ်ကြီး Scot Marciel ကိုယ်တိုင်ညစာအတူစားဖို့ဖိတ်ကြားခံခဲ့ရတယ်လို့သိရပါတယ်။ထိုညစာစားပွဲကိုတော့ နိုင်းဝမ်းက ချစ်သူဖြစ်တဲ့ မေမျိုးသူကျော်နဲ့အတူ တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ တကယ်အားကျစရာကောင်းလှတဲ့ ဖြစ်ရပ်လေးတစ်ခုဖြစ်လို့ ပရိတ်သတ်တွေအတွက်တင်ဆက်ပေးလိုက်ပါတယ်။

source - Kyaw Zin Latt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။