အဆိုတော်ယုန်လေးကတော့ လူငယ်ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ဂီတလမ်ကြောင်းမှာသာမက ရုပ်ရှင်လောကမှာပါ အောင်မြင််နေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

ငယ်စဉ်ကထဲက မိဘတွေနဲ့အတူ ခွဲနေခဲ့ရတဲ့ ယုန်လေးဟာ အမေနဲ့ အဖွားကို ပြန်လွမ်းနေတဲ့ စာသားလေးတွေနဲ့အတူ သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာ အခုလို ရင်ဖွင့်လာပါတယ်။

“ဘာရယ်မဟုတ်ပါဘူး။ အမေ နဲ့ အဖွားကိုသတိရလာလို့ပါ။

ငယ်ငယ်ထဲက တစ်ယောက်ထဲတော့ နေသားကျပါတယ်။ တစ်ချက်တစ်ချက်လည်း အရမ်းခက်ခဲတဲ့အရာတွေ တာဝန်ယူရတဲ့အချိန် အဆင်မပြေတဲ့ခဏ ငါလည်းအဖေ အမေ မိဘတွေစီက အကူညီများရရင်ဆိုတဲ့ အတွေးလေးတော့ဝင်မိသား။ ဒါပေမဲ့ လည်းအဲ့ဒါက ခဏပါပဲ။ ဒီလိုပဲ လွယ်ရင်လူတိုင်းလုပ်မှာ လူတိုင်းမဟုတ်တာကို မဖြစ်ဖြစ်အောင်လုပ်နိုင်တာ ဆရာ လို့ခံယူပြီး အခုကြုံတွေနေတာကြီးကိုလည်း မလုပ်နိုင်စရာဘာအကြောင်းမှမရှိ ရအောင်လုပ်ပြနိုင်ရမယ်။

ကိုယ်ဘဝ ကိုတော့ကျေနပ်ပါတယ်။ အဖေ နဲ့ အမေ က အပျော်တန်း အဆိုတော် သူတို့မွေးပြီး တွေ့ခွင့်မရတော့တဲ့ ကလေးလေးက ခွေထွက်နိုင်ခဲ့တယ်။ ရူးကြောင်မူးကြောင် နဲ့ ငယ်ငယ်ထဲက စိတ်ကူးကိုမယဉ်ဖူးတဲ့ သရုပ်ဆောင် ဆိုတာကြီးကိုလည်းလုပ်ပြီး ရုပ်ရှင်ဇာတ်ကား

Original Gangster နဲ့ ကိုယ့်သမိုင်းကိုယ်ရေးကြသူများတောင် ရုံပေါ်ရောက်ခဲ့ပြီ ။

တစ်ခါတစ်ခါတော့ Press Show . Stage Showတွေမှာ ရှိစေချင်သား။

ဘဘ ဦးစိန်လွင် ( ရေနံစိန်လွင် ဆုရ ဓာတ်ပုံဆရာ )

ကြီးကြီး ဒေါ်လှမြင့် ( မော်တင်လမ်း ရ၃ဓာတ်ဆီဆိုင် )

ဖေဖေ ဦးဆွေတင့် ( Studio ဇော်ဇော် )

မေမေ ဒေါ်ခင်စောမူ ( အလုံ ၄ မူချိူ ဆရာမ )လွမ်းတယ်။” ဆိုပြီး သူ့ရဲ့ ငယ်ဘဝအကြောင်းကိုပါ စိတ်မကောင်းဖွယ် ပြောပြထားပါတယ်။

ယုန်လေးဟာ ပွင့်ပွင့်လင်းလင်း နဲ့ ပျော်ပျော်နေတတ်တာကြောင့်လည်း လူမှုကွန်ရက်မှာ ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းခံရသူတစ်ဦးဖြစ်ပါတယ်။

ဘဝကိုပျော်ပျော်နေပြီး အောင်မြင်မှုအနေထားရောက်အောင် ခက်ခက်ခဲခဲကြိုးစားခဲ့တဲ့ ယုန်လေးကို အတုယူသင့်ပါတယ် ပရိသတ်ကြီးရေ။   

Source : Kyaw Phone aung fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။