ဒီနှစ်ဘောလုံးရာသီမှာထိုင်းလိဂ်ကိုပြောင်းရွှေ ့တဲ့မြန်မာကစား

သမားတွေများခဲ့ပါတယ်။လူငယ်ခြေတက်တွေဖြစ်တဲ့ဝင်းလှိုင်

ဦးတို့လိုလူငယ်တွေကအစကျော်ကိုကို၊အောင်သူတို့လိုမြန်မာ့

ဘောလုံးလောကရဲ့ICONကစားသမားတွေအားလုံးထိုင်း

ကိုရောက်ကုန်ပါတယ်။မနေ့ကညသန်းခေါင်အချိန်မှာထိုင်း

ကစားသမားအပြောင်းအရွှေ ့ပိတ်သွားခဲ့ပြီးမပိတ်ခင်

နာရီပိုင်းအလိုမှာစိတ်လှုပ်ရှားစရာအပြောင်းအရွှေ ့တွေ

ဖြစ်ပေါ်ခဲ့ပါတယ်။ဒီနှစ်ဘောလုံးရာသီမှာထိုင်းလိဂ်အပြောင်းအရွှေ ့ဂယက်ဟာ

မြန်မာဘောလုံးသမားတွေအပေါ်ရိုက်ခတ်မှုကြီးမားခဲ့ပြီး

နောက်ဆုံးအချိန်ထိဘယ်သူတွေထိုင်းကိုထပ်ရောက်သွားမလဲ

ဆိုတာစိတ်လှုပ်ရှားစရာဖြစ်ခဲ့ရပါတယ်။

ပထမဆုံးသတင်းကြီးလာသူကရတနာပုံကစားသမားစည်သူအောင်ဖြစ်ပြီးရပ်ချ်ဘူရီ

အသင်းနဲ့သတင်းထွက်လာတာပါ။ရပ်ချ်ဘူရီဟာမြန်မာပြည်တနသာင်္ရီဒေသနဲ့နီးကပ်နေတဲ့

အရပ်ဒေသကကလပ်အသင်းတစ်သင်းဖြစ်ပြီးမြန်မာပရိသတ်

တွေရချင်နေတဲ့သူတို့ဟာစည်သူအောင်ကိုခေါ်ယူဖို့ကြိုးစား

ခဲ့ကြပါတယ်။ရပ်ချ်ဘူရီကစည်သူအောင်နဲ့ကစားပုံတူတဲ့

ထိုင်းလက်ရွေးစင်ကယ်ဗင်ကိုPort FCကိုဘတ်သန်းလေးဆယ်

နဲ့ရောင်းချအပြီးနောက်မှာတော့ရပ်ချ်ဘူရီကိုရောက်ဖို့စည်သူအောင်အတော်လေးနီးစပ်ခဲ့ပါတယ်။

ဒါပေမယ့်စည်သူအောင်ကိုယ်တိုင်အဆိုပါအပြောင်းအရွှေ ့ကို

ပယ်ချခဲ့ပုံရပါတယ်။ရပ်ချ်ဘူရီထက်အရင်ချီးနက်ဟွန်ဘီးအသင်းဟာလည်းစည်သူအောင်ကိုခေါ်ယူဖို့ကြိုးစားခဲ့ပြီးသူ့အနေနဲ့ပယ်ချခဲ့ပါတယ်

စည်သူအောင်ဇာတ်လမ်းအဆုံးသတ်သွားပြီးနောက်မှာတော့

မောင်မောင်လွင်ကောလဟာလတွေပါတက်လာခဲ့ပါတယ်။

ဒါပေမယ့်ရန်ကုန်မှာအသားကျနေပြီဖြစ်တဲ့မောင်မောင်လွင်ဟာထိုင်းကိုသွားချင်စိတ်မရှိခဲ့ပါဘူး။ထိုင်းကိုပြောင်းချင်

တဲ့ဇော်မင်းထွန်းကျတော့ဆူဖန်ဘူရီနဲ့ငြိနှိုင်းမှုအဆင်မပြေခဲ့

တာကြောင့်သူရဲ့ပထမရာသီဝက်ကိုအသင်းလက်မဲ့အဖြစ်

ဖြတ်သန်းရတော့မှာပါ။မြန်မာကစားသမားတွေအပေါ်ရိုက်

ခတ်မှုကြီးခဲ့တဲ့ထိုင်းလိဂ်ရဲ့အပြောင်းအရွှေ ့မနေ့ညကပိတ်သွားပြီးလာမယ့်ကိုးရက်နေ့မှာတော့ထိုင်းလိဂ်

ရာသီသစ်ပြန်စပါပြီ။

Source-Siam Sports


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။