စိုးပြည့်လို့ ပရိသတ်တွေ ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ ချစ်စဖွယ် အမူအရာလေးတွေနဲ့ ဓာတ်ဖမ်းခဲ့တဲ့ သူမရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို ပြန်လည်မျှဝေလိုက်ပါတယ်..။

မင်းသမီးချောလေး စိုးပြည့်ကတော့ မိခင်ဖြစ်သူနဲ့အတူ မင်းတုန်းမြို့ရောက်ရှိနေတာဖြစ်ပြီး လှပတဲ့ နေရာရှုခင်းလေးတွေ တွေ့ရင် သူမရဲ့ ထုံးစံအတိုင်း ရှုခင်းလေးတွေနဲ့အတူ ဓာတ်ဖမ်းခဲ့တယ်ဆိုပြီးလည်း ချစ်စဖွယ် ပြောပြထားပါသေးတယ်..။

မင်းတုန်းမြို့ကို ရောက်ခဲ့ပြီး သာယာတဲ့ ရှုခင်းလေးတွေနဲ့ ဓာတ်ဖမ်းခဲ့တဲ့အကြောင်းကို စိုးပြည့်က သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

“မင်းတုန်း”တဲ့ ဒီမြို့လေးက မေမေတို့ ခဏခဏပြောဖူးလို့ ရင်းနှီးနေခဲ့တာကြာပါပြီ... ဖိုးဖိုးကြီးတာဝန်ကျတဲ့မြို့.... မေကြီး ဆရာမအဖြစ် သင်ကြားပေးခဲ့တဲ့ မြို့လေးပေါ့..... ဒီဘက် လာရမယ်ဆိုတော့ အပျော်ဆုံးက မေမေပေါ့လေ..... ရင်းနှီးခဲ့တဲ့ မိတ်ဆွေတွေနဲ့ တွေ့ပြီးပျော်နေတော့တာ.... ကိုယ်ကတော့ ထုံးစံအတိုငိးလှတဲ့ နေရာလေးတွေ့ရင် မနေနိုင်ဘူးလေ ရိုက်တော့တာဘဲ..” ဆိုပြီး ရေးသားမျှဝေထားတာ ဖြစ်ပါတယ်..။

ဓာတ်ဖမ်းခဲ့တဲ့ ပုံရိပ်လေးတွေကလည်း ကလေးတစ်ယောက်လို အပြစ်ကင်းစင်ပြီး တကယ်ကို ချစ်စရာကောင်းနေတာ တွေ့ရပါတယ် ပရိသတ်ကြီးရေ..

ချစ်စဖွယ် အမူအရာလေးတွေနဲ့ အမြဲဖမ်းစားတတ်တဲ့ မင်းသမီးချောလေး စိုးပြည့်သဇင်ကိုတော့ ပရိသတ်တွေ အမြဲအချစ်ပိုနေရပြီး ကျရာဇာတ်ရုပ်တွေကို ကျွမ်းကျင်ပီပြင်စွာ သရုပ်ဆောင်ကောင်းမှုတွေကြောင့်လည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားပြီး အကယ်ဒမီထူးချွန်ဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။

Source - စိုးပြည့် Fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။