တနင်္လာနေ့က ဆီးရီးယားနိုင်ငံမြို့တော် ဒါမာစကပ်မြို့အနီးရှိ သူပုန်များခိုလှုံရာနယ်မြေအတွင်းကို ဆီးရီးယားအစိုးရက လေကြောင်းကနေ တိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ထိုတိုက်ခိုက်မှုကြောင့် အရပ်သား ၂၈ ဦးခန့်သေဆုံးခဲ့ရတယ်လို့ တာဝန်ရှိသူများက ဆိုခဲ့ပါတယ်။

ထိုဒေသမှာ လူပေါင်း ၄ သိန်းခန့် ခိုလှုံနေထိုင်လျက်ရှိနေတာလည်းဖြစ်ပါတယ်။ထိုဒေသကို အစိုးရကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။ဆီးရီးယားနိုင်ငံ အတွင်းမှာ ၇ နှစ်ကျော်ကြာအောင်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်ရန်ကြိုးပမ်းနေတာကြောင့် အစိုးရစစ်တပ်က မကြာခဏတိုက်ခိုက်မှုတွေ ပြုလုပ်နေတာလည်းဖြစ်ပါတယ်။ 

ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့မှ အကြီးအကဲဖြစ်သူ ရာမီအက်ဘ်ဒယ်ရာမန်က “ဂူတာအရှေ့ပိုင်းက နယ်မြေအချို့မှာ လေကြောင်းတိုက်ခိုက်မှု ဒါဇင်ပေါင်းများစွာ ဖြစ်ပွားခဲ့ပါတယ်” လို့ပြောခဲ့ပါတယ်။ဘိတ်ဆာဝါမြို့မှ ဈေးတစ်ခုဟာ တိုက်ခိုက်ခံခဲ့ရပြီး ကလေး ၂ဦးအပါအဝင် အရပ်သား ၁၀ဦး သေဆုံးခဲ့ရပါတယ်။ဒါ့အပြင် အာဘင်မြို့လည်းတိုက်ခိုက်ခံခဲ့ရပြီး ကလေး ၂ဦးနှင့် ကယ်ဆယ်ရေးလုပ်သားတစ်ဦးအပါအဝင် အရပ်သား ၉ ဦးခန့် သေဆုံးခဲ့ရတယ်လို့လည်းသိရှိရပါတယ်။

source - mizzima - news in burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။