“ မှဲ့” ကတော့ လူတိုင်းလိုလိုရဲ့ ခန္ဓာကိုယ်အနုံအပြားမှာ ရှိတက်ပါတယ်။ အခြားခန္ဓာ ကိုယ်အစိတ်အပိုင်းတွေထက် အခုပြောပြမယ့်နေရာတွေမှာ မှဲ့တွေရှိနေပြီဆိုရင်တော့ ဒီလိုချစ်ရေးချစ်ရာကိစ္စတွေနဲ့ ဆက်စပ်နေတာမို့ ဗဟုသုတအနေနဲ့ မှတ်ထားရအောင်နော် ။

(၁) ပါးပေါ်ကမှဲ့

ပါးပေါ်ကမှဲ့ကတော့ လူတော်တော်များများမှာ ရှိတက်ပါတယ်။ မကြာခဏဆိုသလို အချစ်တွေပြောင်းလဲနေပေမယ့်လည်း အမှတ်မရှိသူလို့ ဆိုရမှာပါပဲ။

(၂) နဖူးပေါ်ကမှဲ့

သနားတက်တဲ့စိတ်ကြောင့် ချစ်သူရတက်သလို ချစ်သူရဲ့အနိုင်ကျင့်ဆိုးနွဲ့မှုတွေကိုလည်း ခံရလေ့ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုဆွဲဆွဲ သူကတော့ အချစ်ကြီးသူပါပဲ။

(၃) မျက်လုံးအိမ်ထဲက မှဲ့

အချစ်ရေးကံမကောင်းသူလို့ ဆိုနိုင်ပေမယ့်လည်း အချစ်ကိုတော့ အချိန်တိုင်းကြို ဆိုတက် သူပါ။

(၄) နှုတ်ခမ်းပေါ်က မှဲ့

ဆွဲဆောင်မှုလက်နက်တစ်ခုလို့ ဆိုနိုင်သလို သူက သိပ်ချစ်တက်တဲ့ နုလုံးသားတစ်ခုကို ပိုင်ဆိုင်ထားတယ်။ အချစ်ကို ခဏခဏရွေးချယ်တက်တယ်။

(၅) နားရွက်ပေါ်ကမှဲ့

ကတိဆိုတဲ့အရာကိုတန်ဖိုးထားတယ်။ ချစ်သူကိုတန်ဖိုးထားကာ တသက်လုံးတူတူနေထိုင်ဖို့ အမြဲကြိုးစားနေတက်သူမို့ ချစ်သူအတွက်ဂုဏ်ယူသင့်ပြီနော်။

(၆) နှာခေါင်းပုံက မှဲ့

အချစ်အတွက် ပေးဆပ်ရင်း နောင်တတွေတပွေ့တပိုက်နဲ့ အပျော်နဲ့ အငို ဒွန်တွဲနေတာပါ။ ဒါပေမယ့်လည်း ရူးသွပ်စွာပဲ အဲဒီအချစ်ကို တမ်းတနေတက်ပါတယ်။

(၇) လည်ပင်းတဝိုက်ကမှဲ့

ချောမောလှပပြီး ချစ်သူခင်သူတွေဝိုင်းနေပြီး ကိုယ့်ထက်ချောတဲ့ ရည်စားကိုမရတက်ကြဘူး။

ကဲ….ဒါကတော့ မျက်နှာပေါ်က မှဲ့ကလေးတွေရဲ့အကြောင်းပါ။ သူငယ်ချင်းသိထားတွေရှိရင်လည်း ထပ်ပြောပြခဲ့နော်။

Source - Google


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။