Myanmar Idol Season 2 မှာ တင်ဆက်သူအဖြစ် စတင်လုပ်ဆောင်ရာကနေမှ ပရိတ်သတ် တွေ သတိထားမိသွားတဲ့ ကျော်ထက်အောင်ကို အခုမကြာခင်ယှဉ်ပြိုင်တော့မယ် Season 3 မှာလည်း ထပ်မံမြင်တွေ့ရမှာဖြစ်ပါတယ်။ တင်ဆက်ပုံကောင်းကောင်းနဲ့ မီးလေးခဏ ပိတ် ပေးပါဦး ဆိုတဲ့ စကားလုံးလေးတစ်ခုတည်းနဲ့ ပရိတ်သတ်တွေကို ကလိကလိဖြစ်အောင် လုပ်နိုင်တဲ့ သူတစ်ဦးပါပဲ။ ရယ်မောခြင်းတွေ စိတ်လှုပ်ရှားခြင်းတွေနဲ့ ပုံစံအမျိုးမျိုး တစ်ပတ် ထက်တစ်ပတ် မတူတဲ့ရသတွေနဲ့ ပရိတ်သတ်တွေရဲ့စိတ်ဝင်စားမှုကို အဆုံးစွန်ထိမြှင့်တင် ထားနိုင်ခဲ့တဲ့ တင်ဆက်သူတစ်ဦးပါပဲ။

အနုပညာလုပ်ငန်းအဖြစ်နဲ့ " သူငယ် " ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကိုရိုက်ကူးထားပြီး ပရိတ် သတ်တွေကလည်း အားပေးခဲ့ကြပါတယ်။ လက်ရှိမှာလည်း " စရိုက် " ဆိုတဲ့ဇာတ်ကားကို ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မိန်းမရှုပ်တဲ့ ရုပ်ကလေးခပ်ချောချောနဲ့ စပါယ်ယာတစ်ဦးအဖြစ်သရုပ်ေ်ဆာင်ထားတာဖြစ်ပါတယ်။ နာမည်ကျော်မင်းသမီးများ ဖြစ် ကြတဲ့ ထွန်းအိန္ဒြာဗိုလ်၊ ခိုင်သင်းကြည်တို့နဲ့ တွဲဖက်သရုပ်ဆောင်ထားတာဖြစ်ပြီး ဘယ်လို ရသတွေပေးမလဲဆိုတာတော့ ပရိတ်သတ်ကြီးက ရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော်လေးဖြစ်တဲ့ ကျော်ထက်အောင်တစ်ယောက် သူ့ရဲ့ Facebook မှာ ကဗျာဆန်ဆန်စာစုလေးကို " အကယ်၍သာ ငါဟာလမင်းကြီးဖြစ်ခဲ့ရင် အကယ်၍သာ ငါဟာလေယဉ်ကြီးဖြစ်ခဲ့ရင် အကယ်၍သာ ငါဟာမိုးပျံပူဖောင်းကြီးဖြစ်ခဲ့ရင် အကယ်၍သာ ငါဟာဖူဂျီတောင်ကြီးသာဖြစ်ခဲ့ရင် အကယ်၍သာ ငါဟာနှင်းတွေကိုဖန်ဆင်း တက်ခဲ့ရင် အကယ်၍သာ ငါဟာ ..........အကယ်၍သာ " ဆိုတဲ့စာစုလေးနဲ့ သူ့ရဲ့အမိုက်စား ပုံရိပ်တွေကို တင်ထားတာဖြစ်ပါတယ်။ ကျော်ထက်အောင်ရဲ့ပရိတ်သတ်တွေအတွက် အမိုက်စားပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်တယ်နော်။

Photo - Kyaw Htet Aung's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။