အဆိုတော် သားငယ်ကတော့ “လမ်းကလေး” လို့ နာမည်ပေးထားတဲ့ သူ့ရဲ့တစ်ကိုယ်တော်အခွေရောင်းရတဲ့ အမြတ်ငွေတွေ အားလုံးကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

အလှူငွေတွေကိုတော့ သားငယ်ဖောင်းဒေးရှင်းကနေ တစ်ဆင့် (ABD) ပရဟိတသွေးအလှူရှင်များ အသင်းကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်..။

သားငယ်က သူ့ရဲ့ အလှူလေးတွေကိုလည်း ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် လွန်ခဲ့တဲ့ မိနစ်ပိုင်းက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြန်လည်မျှဝေထားတာ တွေ့ရပါတယ်..။

“ကျေးဇူး (အထူး)ပါ စစ်တွေ.. မထင်မှတ်ထားလောက်အောင် အားပေးချစ်ခင်ကြတဲ့အတွက်ပါ အခွေရောင်းရငွေ အမြတ်အစွန်းများအား သားငယ်ဖောင်ဒေးရှင်း မှတစ်ဆင့် (ABD)ပရဟိတသွေးအလှုုရှင်များ အသင်းသို့ လှုုဒါန်းနိုင်ခဲ့ပါသည်..

ကျေးဇူးရှင်ပရိတ်သတ်များအားလုံး သာဓုခေါ်ဆိုနိုင်ပါတယ်ခင်ဗျ..” ဆိုပြီး ရေးသားမျှဝေထားတာ ဖြစ်ပါတယ်..။

အခုလည်း ကျောက်ဖြူမြို့မှာရှိတဲ့ ပရိသတ်တွေဆီ လာနေပြီဆိုပြီးလည်း ပရိသတ်တွေကို ပြောပြထားပါသေးတယ်..။

သားငယ်ရဲ့ “လမ်းကလေး” ဆိုတဲ့ တစ်ကိုယ်တော် အခွေကတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ(၂)ရက်နေ့က ထွက်ရှိခဲ့ပြီး အခွေ ပရိုမိုးရှင်တွေမှာလည်း ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုတွေကို ရရှိခဲ့တာ တွေ့ရပါတယ်..။

အဆိုတော် သားငယ်ကတော့ Myanmar idol Season 2 ကနေ ပရိသတ်အားပေးမှုတွေကို အခိုင်အမာရရှိထားပြီး လတ်တလောမှာလည်း တစ်ကိုယ်တော် အခွေတွေ ထွက်ရှိထားပြီး ရှိုးပွဲတွေလည်း ဆက်တိုက်သီဆို ဖျော်ဖြေနေတာ တွေ့ရပါတယ်..။

Source - သားငယ် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။