ပရိသတ်အချစ်တော် မင်းသမီးချောလေး ဆောင်းဟေဂိုကတော့ သူမရဲ့ New York City က ကွန်ဒိုကို ထုတ်ရောင်းလိုက်တယ်လို့ သိရပါတယ်..။

အခု ရောင်းချလိုက်တဲ့ ကွန်ဒိုကတော့ နယူးယေ့ာခ်စီးတီးက လူနေထူထပ်တဲ့ Manhattan မှာ ရှိတဲ့ သူမရဲ့အိမ်ကို ထုတ်ရောင်းလိုက်တာ ဖြစ်ပါတယ်..။

သူရဲ့ ကွန်ဒိုကို ထုတ်ရောင်းလိုက်တဲ့ သတင်းကိုတော့ Hankook Ilbo သတင်းစာက ဖေဖော်ဝါရီ(၅)ရက်နေ့ ထည့်သွင်းဖော်ပြလိုက်တာ ဖြစ်ပါတယ်..။

ဆောင်းဟေဂိုက Manhattan မှာရှိတဲ့ သူမရဲ့ ကွန်ဒိုတိုက်ခန်းကို အမေရိကန်ဒေါ်လာ ($1,875,000)နဲ့ ပြီးခဲ့တဲ့လ (၁၉)ရက်နေ့က ရောင်းချလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်..။

ဆောင်းဟေဂိုက Central Park အနီးမှာရှိတဲ့ အဲ့ဒီကွန်ဒိုကို (၂၀၀၈)ခုနှစ်က ( $1.74 )သန်းနဲ့ ဝယ်ထားခဲ့ပြီး (၂၀၁၆)မှာတော့ အမေရိကန်ဒေါ်လာ (၂.၂)သန်းနဲ့ ရောင်းချဖို့ လုပ်ခဲ့ပါသေးတယ်..။

ဒါပေမယ့် နောက်ပိုင်းမှာ ရောင်းဈေးကို(၁.၉)သန်း ဈေးပြန်ချခဲ့ပြီး (၂၀၁၇)ဧပြီမှာတော့ (၁.၈၇)သန်း ရောင်းဈေးကို ချခဲ့တာဖြစ်ပြီး (၂၀၁၆) မတ်လမှာတော့ ကွန်ဒိုကို ငှားရမ်းခဲ့ကာ (၂)နှစ်ကြာပြီးတဲ့နောက် ပြီးခဲ့တဲ့လမှာတော့ ကွန်ဒိုကို လုံးဝရောင်းထွက်သွားခဲ့တာ ဖြစ်ပါတယ်..။

Source - Allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။