ကော်ဖီသောက်ခြင်းရဲ့ အကျိုးကျေးဇူးများကိုတော့ ကော်ဖီ ချစ်သူ အများစုက သိပြီးသား ဖြစ်မှာပါ။ အခု ဖော်ပြမယ့် အကြောင်းအရာလေးကတော့ ကော်ဖီ ကြိုက်တဲ့ ကိုကို၊ မမ တွေအနေနဲ့ တစ်နေ့ကို ဘယ်နှစ်ခွက် သောက်သုံးသင့်လဲ ဆိုတာပဲ ဖြစ်ပါတယ်။ လူတစ်ယောက်အတွက် အများဆုံး အနေနဲ့ တစ်နေ့ကို ကော်ဖီ သုံးခွက် အထိ သောက်နိုင်ပါတယ်။ တစ်နေ့ ကော်ဖီသုံးခွက်မျှ သောက်သုံးခြင်းဖြင့် မထင်မှတ်တဲ့ ကောင်းကျိုးရရှိနိုင်တယ်ဆိုတာကိုလည်း တစ်ဆက်တည်းမှာပဲ ဖော်ပြပေးလိုက်ပါတယ်။

ပုံမှန် ကော်ဖီသောက်သုံးခြင်းက နှလုံးရောဂါနဲ့ အရွယ်မရောက်ခင်သေဆုံးမှု အန္တရာယ်ကို လျှော့ချပေးပါတယ်။ ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါများနှင့် ဆီးချိုရောဂါတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ကော်ဖီတစ်နေ့ သုံးခွက် သောက်သုံးခြင်းက စိတ်ဓါတ်ကျခြင်းနှင့် မိမိကိုယ်ကို သေကြောင်းကြံစည်မှုအန္တရာယ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ကော်ဖီထဲမှာပါတဲ့ ကဖိန်းဓာတ်က အဓိက မဟုတ်ဘဲ အခြားသော အပင်ဒြပ်ပေါင်းတွေဆီကနေ ချိတ်ဆက်ရရှိတာ ဖြစ်ပါတယ်။

အထူးသတိထားရမှာကတော့ ကိုယ်ဝန်ဆောင်မိခင်များအတွက် တစ်နေ့ကို ကော်ဖီတစ်ခွက်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။ ထို့ပြင် ကော်ဖီကို အလွန်အကျွံ သောက်မယ်ဆိုရင်တော့ ဆေး မဖြစ်ဘဲ ဘေး ဖြစ်နိုင်ပါတယ်။ အလွန်အကျွံ သောက်သုံးခြင်းဖြင့် နှလုံးရောဂါ ရနိုင်တဲ့ အပြင် အသက်အန္တရယ်ကိုပါ ထိခိုက်နိုင်ပါတယ်။ သို့သော် ကော်ဖီတစ်နေ့ ၃ခွက် သောက်ခြင်းက အသက်ပိုရှည်စေတယ်လို့ သိရှိရပါတယ်။ ဒါ့ကြောင့် ကော်ဖီကြိုက်သူများ အနေဖြင့်သော်လည်းကောင်း၊ ကော်ဖီတည့်သူများ အနေဖြင့်သော်လည်းကောင်း တစ်နေ့ကို ကောဖီ ၃ခွက်အထိ သောက်သုံးနိုင်ပါတယ်။

ဖော်ပြပါ ကျန်းမာရေး ဗဟုသုတများ သိရှိပြီးနောက် အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် သာယာပျော်ရွှင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။