“မင်းနားကဝဲတဲ့လိပ်ပြာတွေလောက်တော့ တို့ကဘယ်လှမလဲ”ဆိုတဲ့ သီချင်းစာသားလေးကို ကြားလိုက်တာနဲ့ ဘယ်တေးသံရှင်ရဲ့ သီးချင်းလေးဆို ပြောပြစရာမလိုအောင်ချက်ချင်း သိလောက်မယ်ထင်ပါတယ်။အသံပါဝါ ကောင်းကောင်းနဲ့ နားထောင်သူရင်ထဲအညို့ခံလိုက်ရသလို ငြိမ်သက်စီးမျောသွားအောင် လုပ်ဆောင်နိုင်စွမ်း ရှိတဲ့ တေးသံရှင် Mary ပဲဖြစ်ပါတယ်။အသံတင်ထူးခြားတာမဟုတ် ချစ်စရာကောင်းတဲ့ သူမရဲ့ အပြုံးလေးတွေ ကြောင့် မြင်ရသူပရိသတ်အပေါင်း အချစ်တွေပိုနေရတာ ပဲဖြစ်ပါတယ်။

ဒီနေ့မှာတော့ ချစ်စရာကောင်းတဲ့ ကောင်မလေးကနေ ဆွဲဆောင်မှုရှိတဲ့ အထာကျကျမိန်းမပျိုလေးတစ်ယောက် အဖြစ် မြင်တွေ့ရပြန်ပါပြီ။သူမရိုက်ကူးနေကျပုံစံနဲ့ မတူပဲခွဲထွက်လာတဲ့ ထူးထူးခြာခြား အလန်းစား ဓာတ်ပုံ ရိုက်ကူးမှု ပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ အရမ်းကိုအထာကျကျနဲ့ဆွဲဆောင်မှုရှိလှတဲ့ သူမကတော့ ကြွေရုပ် လေးလိုလှပလွန်းနေတာကြောင့် မိုးပေါ်ကနတ်သတ်ကြွေလာတဲ့ နတ်သမီးလေး တစ်ပါးအလား ထင်မှတ်ရ အောင်ပါပဲ ပရိသတ်ကြီးရေ။ 

ပရိသတ်တွေယခုမြင်တွေ့ရတဲ့ ပုံရိပ်လေးတွေကတော့ ဖေဖော်ဝါရီလထုတ် မြင်ကွင်းမဂ္ဂဇင်းအတွက် ကာဗာ ဓာတ်ပုံရိုက်ကူးမှုလေးမှ အမိုက်စားပုံရိပ်လေးတွေပဲ ဖြစ်ပါတယ်။ချစ်ပရိသတ်တွေကလည်း Mary ရဲ့ ဓာတ်ပုံ အလန်းလေးတွေ ကြည့်ရင်းကြွေပြီးရင်းကြွေ ကိုဖြစ်နေကြပါတယ်။Mary ကိုချစ်တဲ့ ပရိသတ်တွေအတွက် လည်း ပရိသတ်တွေရဲ့ နှလုံးသားကိုထပ်မံ ဖမ်းစားမယ့် အလန်းစားပုံရိပ်လေးတွေ မျှဝေပေးလိုက်ပါတယ်နော်။  

သတင်းအရင်းအမြစ် - Mary

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။