မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ FA ဖလားပြိုင်ပွဲ စတုတ္ထအဆင့်ပြန်ကန်ပွဲစဉ်မှာ ဆွမ်ဆီးအသင်းဟာ နော့ကောင်တီ အသင်းကို ၈ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။နော့ကောင်တီ အိမ်ကွင်းမှာ ၁ ဂိုးစီသရေကျခဲ့တာကြောင့် ဆွမ်ဆီးအသင်းရဲ့ အိမ်ကွင်းမှာ နောက်တကျော့ ပြန်လည်ယှဉ်ပြိုင်ကစားခဲ့ကြတာလည်းဖြစ်ပါတယ်။ပရီးမီးယားလိဂ်မှာ ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရတဲ့ ဆွမ်ဆီးအသင်းကတော့ ယခုအိမ်ကွင်းမှာ ဂိုးမိုးရွာပြီး ပေါက်ကွဲပြလိုက်တာလည်းဖြစ်ပါတယ်။

ဆွမ်ဆီးအသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ အေဘရာဟမ်၊ လူစီရာနို၊ နသန်ဒိုင်ယာ၊ သောမက်ကာရိုး၊ ကလူကပ်၊ ရိုတန်လီဂါ တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။နော့ကောင်တီ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ စတတ်၊ ဂရန့်၊ ဟူဆင်၊ အလက်ဇန်ဒရာ၊ ဗာကျူး တို့ကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။လိဂ် ၂ မှာ ကစားနေတဲ့ နော့ကောင်တီအသင်းကတော့ ဆွမ်ဆီးအသင်းရဲ့ တိုက်စစ်ကို ထိန်းချူပ်နိုင်ခဲ့ခြင်းမရှိပဲ ၈ ဂိုးထိ ခွင့်ပြုခဲ့ရတာလည်းဖြစ်ပါတယ်။

ဆွမ်ဆီးအသင်းအတွက် ဂိုးတွေကိုတော့ ၁၈ မိနစ် နဲ့ ၄၅ မိနစ်တို့မှာ အေဗရာဟမ် က ၂ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။မိနစ် ၂၀ နဲ့ မိနစ် ၃၀ တွေမှာ နသန် ဒိုင်ယာ က ၂ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။၅၃ မိနစ်မှာတော့ နော့တန် က ၁ ဂိုး၊ ၅၇ မိနစ်မှာ ရိုတန်လီဂါ က ၁ ဂိုး၊ ၆၅ မိနစ်မှာတော့ ကာရိုး က ၁ ဂိုး၊ ၈၂ မိနစ်မှာ ဂျိန်း က ၁ ဂိုး အသီးသီးသွင်းယူပေးခဲ့ကြတာလည်းဖြစ်ပါတယ်။နော့ကောင်တီအသင်းရဲ့ တစ်လုံးတည်းသော ဂိုးကိုတော့ ၃၅ မိနစ်မှာ ဟူဆင် က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။