အနေဝေးတဲ့ချစ်သူတွေရဲ့ချစ်ခြင်းမေတ္တာဆိုတာတကယ်ကို

အံ့သြစရာကောင်းလှပါတယ်။တစ်ယောက်မျက်နှာတစ်ယောက်မက်ဆင်ဂျာတို့Viber

တို့ကနေပဲတွေ့မြင်ခွင့်ရပြီးသစ္စာရှိရှိချစ်နေကြဖို့ဆိုတာတကယ်ကိုမလွယ်တဲ့ကိစ္စမျိုးပါ။

မြန်မာတို့ရဲ့အချစ်တော်ဘောလုံးသမားအောင်သူနဲ့သရုပ်ဆောင်ပိုအိအိခန့်တို့အချစ်ဟာလည်းအနေဝေးတဲ့အချစ်

LDRSပါ။တစ်ယောက်ကရန်ကုန်မှာနေပြီးတစ်ယောက်ကဘန်ကောက်မှာနေတဲ့အတွက်

သူတို့နှစ်ယောက်ဟာတစ်ယောက်နဲ့တစ်ယောက်Video Callလေးတွေနဲ့အလွမ်းဖြေနေကြရပါတယ်။

သူတို့နှစ်ယောက်ချစ်သူဖြစ်ကြတာမကြာသေးပါဘူး။ပိုးအိအိခန့်ရဲ့အင်တာဗျူးတစ်ခုမှာ2017ခုနှစ်အကုန်အထိချစ်

သူမရှိသေးဘူးလို့ဖြေထားတာကြောင့်သူမနဲ့အောင်သူရည်းစားဖြစ်တာမကြာသေးဘုးလို့ဆိုရမှာပါ။

ချစ်စကြင်နာစအချိန်မှာခွဲခွာရတဲ့အတွက်သူတို့နှစ်ယောက်အပြိုင်အဆိုင်

လွမ်းနေကြမှာသေချာပါတယ်။ဆိုရှယ်မီဒီယာတွေမှာတွေ့ရနည်းတဲ့အနေအေးတဲ့

အောင်သူဟာချစ်သူကိုစက္ကန့်မလပ်လွမ်းနေမိတယ်လို့တေင်ခဲ့တာကို

ကြည့်ရင်မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးကြီးဘယ်လောက်

လွမ်းနေသလဲဆိုတာသိနိုင်ပါတယ်။

ပိုးအိအိခန့်အတွက်လည်းအောင်သူဟာသူမလိုချင်ခဲ့တဲ့

အရည်အချင်းတွေနဲ့ပြည့်စုံတဲ့သူတစ်ယောက်လို့ဆိုရမှာပါ။

ပိုးအိအိခန့်လိုချင်တာကရိုးသားကြိုးစားပြီးနားလည်မှု

အပြည့်နဲ့သစ္စာရှိရှိချစ်ရမယ့်သူလို့ပြောဖူးတာရှိပါတယ်။

အောင်သူဟာပိုးအိအိခန့်လိုချင်တဲ့အရည်အချင်းတွေနဲ့

ကွက်တိကျရုံမကပိုတောင်ပိုနေပါသေးတယ်။ဒါပေမယ့်

မြန်မာ့ဘောလုံးပရိသတ်တွေကတော့့အချစ်ရေးကိစ္စတွေကြောင့်အောင်သူခြေစွမ်းကျဆင်းသွား

မှာစိုးရိမ်နေကြတယ်လို့သိရပါတယ်။ဒါပေမယ့်အောင်သူအပေါ်ထားတဲ့ပိုးအိအိခန့်

ရဲ့အချစ်ကအေးမြမှာသေချာပါတယ်။

Source-Snow

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။